🔇 Silence_10🔇

18.1K 1.5K 62
                                    

ဂျီမင် ကလပ်မှကျန်ခဲ့သောပစ္စည်များအား သွာယူပြီး၍ ဟန်မြစ်ဘေး၌စိတ်လွှတ်ကိုယ်လွှတ်ထိုင်နေမိသည်မှာ အချိန်‌အတော်ကြာပင်

ဝယ်ယူလာခဲ့သော ဘီယာဘူးတို့ကလည်းကုန်သွားခဲ့ပြီး ညလေကလည်းတဖြည်းဖြည်းအေးသတတ်အေးစပြုလာလေပြီး

ဂျီမင်ထကာ အိမ်ပြန်ဖို့အတွက်တွေးတော့...

*အဟက်...အိမ်??

ငါ့အတွက်ပြန်စရာအိမ်???ဘယ်အိမ်ကိုများပြန်ရမှာပါလိပ့်*

တွေးစစဖြင့် လမ်းလျှောက်လာခဲ့လိုက်သည်မှာ ရောက်ခါနီး လမ်းကြားအကူးတစ်နေရာ၌ လက်တို့အားဆွဲယူခံရမူကြောင့် အသိစိတ်ပြန်ကပ်လာရသည်

ဂျီမင်လက်တစ်ဖတ်အား ဆွဲကိုင်ထားတဲ့ အသက်ခပ်ကြီးကြီးလူတစ်ဦး

ဂျီမင် အလိုမကျစွာ လက်တို့အားပြန်လည်ဆွဲဖြုတ်တော့ ပို၍တင်ကျပ်စွာဆုပ်ကိုင်ခံလိုက်ရတဲ့လက်ကောက်ဝတ်နှင့် နံရံနှင့်မိတ်ဆက်ခံလိုက်ရတဲ့ကျောပြင်က အောင့်ကနဲ

ပေါ့ပါးလွန်တဲ့ခန္ဓာငယ်က ထိုလူရဲ့လက်တပြစ်စာလောက်သာရှိသည့်အတွက် ဂျီမင်လွန်စွာစိတ်ပျက်ရ၏

အလိုမကျစွာ ထိုလူအား ဂျီမင်မော့ကြည့်မိတော့ ထိုလူကလည်း ဂျီမင်အားငုန့်ကြည့်နေသည်

"မင်းက magic shortကအလှလေးမလား"

ဂျီမင်မှေဖျားအားဆွဲယူလာရင်ပြောတဲ့ ထိုလူလက်မှ မျက်နှာအားတဖတ်လွဲချလိုက်ရင် မှေဖျားသို့ကိုင်ထားသောလက်တို့အား ဖယ်စေသည်

ထိုနောက် ချုပ်ကိုင်ခံထားရတဲ့ လက်တစ်ဖတ်ကို စောင့်ရူန်းကာ ထိုသူအားတစ်ချက်ဆွဲထိုးမိ၏

အလစ်၌အထိုးခံရ၍ယိုင်နဲ့သွား‌သော ခန္ဓာကိုယ်အားတစ်ချက်ထိန်းကာ ဂျီမင်အား ပြန်လည်စိုက်ကြည့်လာတဲ့ ထိုလူကြီး

ဂျီမင် ထိုနေရာမှလှည့်ထွက်မည်ပြုပြီး ထိုသူအားစူစူရဲရဲတချက်သာပြန်ကြည့်မိသည်

🔇 SILENCE 🔇Where stories live. Discover now