ညနေခင်း၏ဝင်ခါနီးနေရောင်သည်
လူမစည်ကားသောမြို့လေး၏တစ်နေရာရှိပန်းရောင်စုံများအရောင်အသွေးစုံလင်သောခုံတန်းလျားကလေးများနှင့်ပြည့်နှက်လှပနေသောပန်းခြံလေး၏ပန်းခြံလျှောက်လမ်းလေးပေါ်သို့အတားအဆီးမရှိဖြာကျနေ၏။
ထိုလမ်းကလေး၏နဘေးတွင်မိသားစုလိုက်လမ်းလျှောက်ထွက်သူများ ဆော့ကစားနေသောကလေးများ ပျော်ရွှင်နေကြသောစုံတွဲလေးများနှင့်အလွန်ပင်စည်ကားသယောင်ထင်ရသည်။ထိုလူများကြားတွင်ဖြည်းညင်းစွာလမ်းလျှောက်လာသောလူတစ်ယောက်
တစ်နည်းအားဖြင့်ဆိုရသော် အသက်60အရွယ်ခန့်ရှိသော
အဖိုးအိုတစ်ယောက် ညင်သာစွာလမ်းလျှောက်လာရင်းတစ်နေရာအရောက်အညိုရောင်ခုံတန်းလျားလေး၏ရှေ့၌ရပ်ကာထိုခုန်တန်းလျားလေးအားပြုံး၍ကြည့်နေလေသည်။~~~~~~~~~~~~~~~~~~~~~~~~
ရှုပ်ရှက်ခက်နေသောကားတွေကြားကအလျင်အမြန်ထွက်လိုသော Offတစ်ယောက်ဘေးခုံတွင်တင်ထားသောဖုန်းမည်လာ၍ကိုင်လိုက်သည့်အချိန်တစ်ဖက်မှစိတ်ဆိုးသယောင်ငြူငြူဆူဆူအသံလေးမှအဆက်မပြတ်ထွက်ပေါ်လာ၍အနည်းငယ်စိတ်ပူလာသည်။ယခုအချိန်တွင်ပန်းခြံကိုအမြန်ရောင်မှဖြစ်မည်
မဟုတ်လျှင်ချစ်လှစွာသောချစ်သူလေးကိုချော့နည်းမျိုးစုံသုံးပြီးချော့ရတော့မည်ကို Off ကြိုသိနေသည်။
ညနေ5:00ရောက်မည်ဟုပြောထားသော်လည်း
ယနေ့မှ Meeting ရှိ၍နောက်ကျနေပြီး ချစ်သူလေးအားစိတ်ငြိုငြင်စေမိပြီ။Car parking တွင်ကားထားအပြီး ထိုင်နေကျခုံတန်းလျားလေးဆီသို့အလျင်အမြန်ပြေးလာသော်လည်း
ပြောထားသောအချိန်ထက်တစ်နာရီနီးပါးနောက်ကျသောကြောင့်
ချစ်သူ၏မျက်နှာကလေးမှာဆူပွက်နေသည့်ရေနွေးအိုးအလားနီရဲနေပြီ ချစ်သူလေးစိတ်ဆိုးလျှင်မနေတတ်သောကြောင့် Off တစ်ယောက်ချစ်သူလေး၏နဘေးသို့အလျင်အမြန်ဝင်ထိုင်လိုက်ပြီး
ချစ်သူလေး၏ခန္ဓာကိုယ်သေးသေးလေးအား
မိမိ၏ရင်အုပ်ကျယ်ကျယ်များအတွင်းသို့ဆွဲသွင်းလိုက်သည်။
ဘာလို့နောက်ကျတာလဲဟူသောချစ်သူလေး၏အမေးကိုဖြေရန်ပြင်သော်လည်းဖြေရှင်းချက်ပေးရန်ပင်အချိန်မရအောင်အရစ်ခံနေရပြီ
YOU ARE READING
Forever Is A Long Time (One Shot)
أدب الهواة(Unicode+Zawgyi) ထာဝရဆိုတာတစ်ကယ်ကြာတဲ့အချိန်ပဲ ဒါပေမယ့် Papii နဲ့အတူသာဖြတ်ကျော်ရမယ်ဆို ထာဝရဆိုတဲ့အချိန်ကတစ်ကယ်ကိုနည်းသေးတယ် ထာဝရဆိုတာတစ်ကယ်ကြာတဲ့အချိန်ပဲ ဒါပေမယ့် Papii နဲ့အတူသာဖြတ်ကျော်ရမယ်ဆို ထာဝရဆိုတဲ့အချိန်ကတစ်ကယ်ကိုနည်းသေးတယ် Thiŕd_Heliós Fan_a...