အပြင်ကို ခေါ်ထုတ်လာပြီးတော့ အရင်ဆုံး စားသောက်ဆိုင် တစ်ဆိုင်မှာ စားကြတယ် အဖြစ်မခံနိုင်တော့ဘူးလေ ဆုံးရှုံးရမှာကြောက်နေမိပြီ ကျွန်တော့်ရှေ့က လူသားလေးကို စိတ်ချပါ ကိုယ်အတတ်နိုင်ဆုံး မင်းမထိခိုက်စေရအောင် စောင့်ရှောက်ပေးပါ့မယ် မင်းအနားမှာ အမြဲ ထာဝရပေါ့
Lu'' ဒါလင် စားလေ ဘာကြည့်နေတာလဲ ''
Se'' အမ် အင်း ဟန်လေးကော စားကောင်းရဲ့လား ''
Lu'' nae ဒါလင် အရမ်းစားကောင်းတယ် ဒါလင်က အရှေ့မှာရှိနေလို့လေ ''
Se'' ဟုတ်ပါပြီ စကားတတ်လေး စားတော့ စားပြီးဘယ်သွားချင်လဲ ''
Lu'' ရုပ်ရှင်ရုံသွားမယ် အပြင်မှာ မကြည့်ဖူးဘူး ဒါလင်ရဲ့ ပေးမသွားကြဘူးလေ 😩''
Se'' ကိုယ် လိုက်ပို့ပေးမယ် ဟန်လေးနဲ့ ကိုယ် တူတူကြည့်ကြမယ် ဟုတ်ပြီလား ''
Lu'' nae 🤩🤩 ဒါလင် မြန်မြန်စား အချိန်နောက်ကျနေမယ် ''
Se'' အင်းပါ အဆိုးလေးရယ် ''
Lu တို့ နေ့လည်စာကို ပျော်ရွှင်စွာ သုံးဆောင်ပြီးတဲ့နောက်မှာ ရုပ်ရှင်ရုံသို့ ကားအဖြူရောင်လေးက ချီတက်သွားတယ်
Seကတော့ သူ့ကလေးလေး စိတ်ကြိုက် ရုပ်ရှင်ကို ကြည့်ပေးပြီးတော့ အပြန်လမ်းမှာ ဟန်မြစ်ကမ်းဘက်ကို ရောက်လာခဲ့တယ်
ညနေခင်းပိုင်းဆိုတော့ အလုပ်ဆင်းတဲ့သူတွေ အနားယူနေကြတဲ့ မိသားစုလေးတွေ ဆော့ကစားနေကြတဲ့ ကလေးတွေကို မြင်ရတယ် လူတွေနဲ့ စည်ကားနေတဲ့ ကမ်းနားလေးပေါ့
သူတို့နှစ်ယောက်ကလဲ မြစ်ကမ်းဘေးမှာ လက်ကလေးတွဲပြီး လမ်းလျှောက်ရင်းနဲ့ ရုတ်တရက် sehun က luhan ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီးတော့
Se'' ဟန်လေး ကိုယ်ဟန်လေးနဲ့ စတွေ့ကတည်းက ရင်ခုန်မိတာ ဝန်ခံပါတယ် ဟန်လေးကို ချစ်လို့ မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်ခွင့်ပေးပါ ဟန်လေးအနားမှာ ကိုယ့်ရဲ့ အသက်ရှင်သမျှ ကာလပတ်လုံး စောင့်ရှောက်ပေးပါရစေ ကိုယ့်ရဲ့ဂရုမစိုက်ခဲ့မိတဲ့အချိန်တွေအတွက် ဟန်လေးအနားမှာ နေပြီး ပြုပြင်ပါ့မယ် ဟန်လေး ကိုယ့်ကို လက်ထပ်နိုင်မလားဟင် ''
YOU ARE READING
အမြဲတမ်းမင်းအနားမှာ (Completed)
Fanficခပ်စွာစွာကောင်လေး luhan နဲ့အချေကိုယ်တော် sehun #*#*#* luhan ရဲ့ ဘဝအမှန်ကိုသိရတဲ့အခါ sehun ဆက်ချစ်နေနိုင်ပါ့မလား