ဧည့်သည်

44 4 1
                                    

ဧည့်သည်

ငါ့ဘက်က မတောင်းဆိုပါဘဲနဲ့ ငါ့ဘဝထဲ ဝင်လာတယ်..
ငါနှင်မထုတ်ဘဲနဲ့လည်း ပြန်ထွက်သွားတယ်....

တိတ်ဆိတ်နေတဲ့ ငါ့ကမ္ဘာထဲကို " ညီမကို သ​ဘောကျတယ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့ အစ်ကိုက ဝင်လာခဲ့တယ်...။ ငါ့ဘက်က လက်မခံတော့ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ငါ့ရင်ဘတ်ထဲ ရောက်အောင် လာတယ်...။

ငါနဲ့ တွဲပြီးမှ သိလိုက်ရပြန်တာက ငါ့ကို အလောင်းအစားနဲ့ လိုက်တာတဲ့လေ...ပြီးတော့ လက်ရှိတွဲ​နေတဲ့ တစ်ယောက်ရှိသေးတယ်ဆိုပဲ..။ ငါဆိုတာက ပတ်ဝန်းကျင်ကို စိတ်မဝင်စားခဲ့တဲ့ သူမို့လို့ အစ်ကိုနဲ့ ကျောင်းချင်းတူနေတာတောင် မသိခဲ့ဘဲ ဘာသတင်းကြားကြား အကုန်လျစ်လျူရှုပစ်ခဲ့တာက ဒီအချိန်မှာ ပြဿနာတွေကို သယ်လာမယ်မှန်းသိခဲ့ရင် ငါအဲ့လိုမနေခဲ့ပါဘူး..။ အဲ့ဒီအကြောင်း ငါမေးတော့ အစက ဟုတ်ခဲ့ပေမယ့် အခု ငါ့ကို တကယ်သဘောကျလို့ အစ်ကို့ကောင်မလေးကိုတောင် ဖြတ်လိုက်ပြီ ဆိုပြီး ပြောပြန်တော့ အရင်က ကိစ္စတွေပဲ ဆိုပြီး ငါသည်းခံခဲ့တာပဲ...။

ဂရုစိုက်ပေးရမှာတွေ Date ရတာတွေ နားမလည်ပါဘူးလို့ ငါက ပြောတော့ " အစ်ကိုကပဲ အကုန်ဂရုစိုက်ပေးမယ်...ညီမက အစ်ကို့ကိုပဲ ပြန်ချစ်ဖို့ စဉ်းစား " လို့ ပြောတယ်...။ နောက်ကျတော့လည်း အဲ့ဒီလို ဂရုစိုက်ပေးရတာတွေကို မုန်းလာပြီလို့ အစ်ကိုက ပြောပြန်တယ်...။ ငါတို့နှစ်ယောက်ရန်ဖြစ်ကြတဲ့ အချိန်တွေတိုင်း အစ်ကို့ဘက်က ပြတ်ပြီပြောတာကလည်း ငါတို့ကြားမှာ အလေ့အကျင့်တစ်ခုလို ဖြစ်လို့...။

ငါ့ဘက်က အစ်ကိုကတိမတည်တာတွေအတွကိ စိတ်မကောက်ပေမယ့် အစ်ကိုစိတ်ဆိုးလို့ တစ်ပတ်လောက် Phone မကိုင်မချင်း အစ်ကို့သူငယ်ချင်းတွေဆီ အပူကပ်ပြီး ချော့ခဲ့ရတဲ့ နေ့တွေ... အမှတ်တရမှန်သမျှကို မေ့နေလို့ ငါ့ဘာသာပဲ သည်းခံခဲ့ရတဲ့ အချိန်တွေအထိ ငါ အစ်ကို့ကို လက်မလွှတ်ခဲ့ဘူး...။ နောက်တစ်ယောက်ရှိနေပြီဆိုတဲ့ သတင်းကို မကြားခင်အထိ ငါ့ဘက်ကပဲ ရူးရူးမူးမူးနဲ့ တွဲထားတဲ့ လက်မြဲအောင် အရှုံးပေးခဲ့တာပါပဲ.... ။

𝕴𝖓 𝕸𝖞 𝕯𝖎𝖆𝖗𝖞[𝒩ℴ𝓃  ℱ𝒾𝒸𝓉𝒾ℴ𝓃]Where stories live. Discover now