Zawgyi
Suggestion song
ဒီသီချင်းလေးနားထောင်ရင်းဖတ်စေချင်တယ်...
"ရှောင်းကျန့်..."
နောက်ကပြေးလိုက်လာပြီးခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့..
"????"
ရှောင်းကျန့်ခေါင်းထဲ question mark တွေပေါ်လာတယ်... တကိုယ်လုံးကိုဖုံးအုပ်ထားတဲ့အမဲရောင်တွေ... အဆိုးဆုံးကအမဲရောင်တွေကြားထဲမှာထင်းနေတဲ့ အစိမ်းရောင်Helmetကြီးပဲ... နေ့ခင်းကြောင်တောင် လူကြားထဲမှာ ဓားမြတိုက်တာတော့မခံရလောက်ဘူးမဟုတ်လား..."ဘာကိစ္စရှိလို့လဲမသိဘူး...."
"....."
ရှောင်းကျန့်မေးလိုက်ပေမယ့် တစ်ဖက်ကစကားပြန်မလာ....
"ဘာကိစ္စ...."
"ရော့...ခင်ဗျားအတွက်"
ရှောင်းကျန့်ထပ်မေးဖို့ပြင်လိုက်ပေမယ့် ရုတ်တရက် ဘာတွေမှန်းမသိတဲ့အထုတ်ကို လက်ထဲထည့်ပေးပြီး ချက်ချင်းပြန်ထွက်သွားတယ်..."ဝေ့..ဝေ့..ဒါကဘာတွေလဲ..ဝေ့!!.."
ရှောင်းကျန့်အော်ခေါ်ပေမယ့်..လှည့်ကိုကြည့်မလာဘူး... လက်ထဲအထုတ်ထည့်ပေးသွားတာသူမဟုတ်တဲ့အတိုင်း...
ရှောင်းကျန့်ပြန်လိုက်ပေးချင်ပေမယ့်ရထားချိန်နီးနေတာကြောင့် ဘာမှန်းမသိတဲ့အထုတ်ကိုယူလာလိုက်တယ်...မတတ်နိုင်ဘူး....▫▫▫
"ဝေ့..ဝေ့..ဒါကဘာတွေလဲ..ဝေ့!!.."
အော်ခေါ်နေတဲ့အသံကိုကြားပေမယ့် ရိပေါ်အားတင်းပြီးဆက်လျှောက်လာခဲ့တယ်... နောက်ပြန်လှည့်ချင်နေတဲ့ စိတ်ကိုအံကြိတ်ပြီးချိုးနှိမ်ထားရတယ်... လမ်းချိုးတစ်ခုထဲကိုဝင်ပြီးတာနဲ့ ဘယ်ဘက်ရင်ဘတ်ကိုလက်နဲ့ဖိရင်း မြေပြင်ပေါ်ဒူးထောက်ကျတယ်... အောင့်တက်လာတဲ့နာကျင်မှုက ရိပေါ်ရဲ့အပြုံးတွေကိုမဖယ်ရှားနိုင်ခဲ့ဘူး...လက်ဆောင်တွေကို ကိုယ်တိုင်ပေးချင်တာမို့ ရှောင်းကျန့်နောက်ကိုလိုက်သွားခဲ့တယ်... ဖြူဖျော့နေမယ့်ကျွန်တော့်ပုံစံကြောင့် အနီးနားကဆိုင်ကယ်မှာချိတ်ထားတဲ့ Helmetအစိမ်းရောင်ကိုကောက်စွပ်လိုက်တယ်... ခင်ဗျားရှေ့မှာ အားနည်းတဲ့ပုံစံမဖြစ်ချင်ဘူး... ကျွန်တော်ကပဲလမ်းလျှောက်မြန်တာလား.. ခင်ဗျားရဲ့ခြေလှမ်းတွေကနှေးနေခဲ့တာလား.. တစ်ခဏအတွင်း ခင်ဗျားနဲ့ခြေသုံးလှမ်းအကွာကိုရောက်လာတယ်... အားတင်းပြီးခေါ်လိုက်ပေမယ့် ခင်ဗျားကိုအနီးကပ်တွေ့လိုက်ရတော့ စကားလုံးတွေထွက်မလာခဲ့ဘူး... ခင်ဗျားက ကျွန်တော်ထင်ထားခဲ့သလို ရုပ်ဆိုးဆိုးကြီးမဟုတ်တာကလွဲရင် ကျွန်တော့ကိုပြုစားနိုင်တဲ့တစ်ယောက်ထဲသောသူ... radioကနေပဲအသံကြားခဲ့ရပေမယ့် ရှေ့မှာအနီးကပ်ပြောနေတဲ့ခင်ဗျားကြောင့် ကျွန်တော့်နှလုံးသားတစ်ခုလုံးပေါက်ကွဲထွက်မတတ်ပဲ... နာကျင်လာတဲ့ဘယ်ဘက်ရင်အုံကြောင့် လက်ဆောင်ထုတ်ကိုပေးပြီးလှည့်ထွက်လာခဲ့တယ်... ခင်ဗျားကြောင့်အခုန်မြန်လွန်းနေတဲ့ကျွန်တော့်ရင်ခုန်သံကို ကျွန်တော့်နှလုံးသားလေးကတောင်ခံနိုင်ရည်မရှိတော့ဘူး....
YOU ARE READING
Not Ending (Completed)
FanficZawgyi "ခင်ဗျားနဲ့ကျွန်တော့ရဲ့ ဆက်နွယ်မှုက လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့လေလိုပဲ ဖြစ်တည်မှုကိုသက်သေမပြနိုင်ပေမယ့် တည်ရှိနေမှုကတော့အစစ်အမှန်ပဲ... လေတွေကိုရှူသွင်းလိုက်တိုင်း ခင်ဗျားကိုသတိရတယ်... ဒါပေမယ့် ပြန်ထုတ်လိုက်တဲ့လေတွေနဲ့တော့ ပါမသွားခဲ့ဘူး... စ,ခွင့်...