Love at first sight ဆိုတဲ့ စကားကို ကျွန်မ မယုံခဲ့ဘူး... ဟုတ်တယ်လေ.... လူတစ်ယောက်ကို မြင်ဖူးရုံလေးနဲ့ ချစ်လို့ ရပါ့မလား... လူတစ်ယောက်ကို ချစ်တော့မယ်ဆိုတဲဲ့အခါ သူရဲ့ အပြုအမူတွေ အပြောအဆိုတွေ စိတ်နေစိတ်ထား တွေ ဒါတွေကို ထည့်တွက်စဥ်းစားရမည် မဟုတ်ပါလား.... ကျွန်မ ဘဝမှာ အချစ်ကို မကြုံဖူးသရွေ့ အချစ်ကို အချက်အလက်တွေနဲ့ ကျွန်မ စဥ်းစားခဲ့မိတယ်.... Soojin Sunbae ကို မတွေ့ဖူးခင် ကပေါ့.... တနည်းပြောရရင် ကျွန်မရဲ့ အချစ်ကို မတွေ့ခင်ကပေါ့...
ကျွန်မ အချစ်ကို စတွေ့ခဲ့တာ လူတစ်ယောက်ကို ပထမဆုံး တွေ့ဖူးချိန်မှာပဲ .... အဲ့ဒီလူသားဆီက အကြည့်တွေ မလွှဲနိုင်ခဲ့ဘူး....
တက္ကသိုလ်ကျောင်းသူဘဝရဲ့ အစပထမ... Major Welcome ညစာ စားပွဲမှာ စပြီး ဆုံခဲ့ရတဲ့ Sunbae ဟာ ကျွန်မထက် နှစ်နှစ်ကြီးသတဲ့...
*********************************************
"ဂျူနီယာလေးတွေ အစွမ်းပြရမယ့် အချိန်နော်... ကဲ.. စီနီယာတွေက ကိုယ်သောက်စေချင်တဲ့ သူကို ဌဲ့ပေးရမယ်... ဂျူနီယာလေးတွေက ကိုယ့်စီနီယာတွေ ဌဲ့ ပေးတာကို သောက်ရမယ်..."
ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ Sunbae ဆီက ဌဲ့ပေးတာကို လိုချင်ပေမယ့် မရခဲ့... တခြားသူတွေ ဌဲ့ပေးတာကိုသာ သောက်ရင်း လူက ရိပ်တိပ်တိပ် ဖြစ်လာလေသည်...
"Wah... Shuhua က သောက်နိုင်လှချည်လား..."
Sunbae က ကျွန်မကို လှမ်းလှမ်းပြီးး ခိုးကြည့်တာ ကျွန်မ မြင်ပါသည်... ဒါပေမယ့် ရိပ်တိပ်တိပ် နဲ့ပါ... ဆိုဂျူနဲ့ မက်ဂျူ ရောထားတာကို ကျွန်မသောက်နေခဲ့တာ ဘယ်နှခွက်တောင် ရှိနေပြီလဲ....
ယောက်ျားတစ်ယောက်က Sunbae ပုခုံးကို ဖက်လိုက်ချိန်မှာ ခေါင်းထဲမှာ ထိတ်ခနဲ ဖြစ်သွားပြီး ထူပူသွားလေသည်... သွေးကြောတွေတောင် ပြောင်းပြန်စီးသွားသလို ခံစားချက်... သွေးဘယ်လို ပြောင်းပြန်စီးလည်း ကျွန်မ မသိဘူး... ကျွန်မသိတာ အခု ဒီနေရာက ထွက်သွားချင်ပြီ....
Sunbae ကို ဖက်ထားတဲ့ လက်ကို ရိုက်ပုတ်ချပစ်ချင်တာရော မူးနေတာရော အကုန်ပေါင်းပြီးအဆင်မပြေတော့တဲ့ အခါ လူတွေနဲ့ ဝေးရာ ဆိုင်အပြင်ဘက်ကို ထွက်ဖို့ ပြင်လိုက်သည်...