Blue book

2.6K 294 23
                                    


Unicode  Version
.
.
.

Nohyarr Nohyarr

အပိုင်း (၉)

Jennie. ..မနေ့က မက်ခဲ့တဲ့ အိပ်မက်အကြောင်း
Dr ကို ပြောပြနေလိုက်သည်။

"Dr....အရမ်းထူးဆန်းတယ်မထင်ဘူးလား
ဘယ်လိုလုပ် ကျမရဲ့ အိပ်မက်က
အခန်း (၄) မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့
တစ်ပုံစံတည်း လာမက်နေရတာလဲ....
ဒီမနက်လေ အဲ့ဒီအိပ်မက်ကို မက်ပြီးနိုးလာတာနဲ့
အခန်း(၄)ကို ထဖတ်လိုက်တာ
တစ်ပုံစံတည်းပဲ....
တစ်ခုမှမလွဲဘူး

တစ်ကယ်...ဒါတွေက ကျမရဲ့အတိတ်က အကြောင်းအရာတွေလား....
အရမ်းထူးဆန်းလွန်းလို့ ယုံတောင်မယုံနိုင်ဘူး
ဒီလိုအဖြစ်မျိုးတွေတစ်ကယ်ရှိလို့လား "

"ရှိတာပေါ့...ကမ္ဘာပေါ်မှာ မင်းလိုလူတွေအများကြီးပဲ
တစ်ခုပဲ တစ်ချို့က ဘဝနီးလို့ မှတ်မိကြတာ
ဘဝနီးတယ်ဆိုတာကကွာ
သေပြီး နောက်ဘဝ (အခုလက်ရှိ)ရောက်တဲ့လူတွေက
အရင်က ဘဝကိုမှတ်မိကြတာ
အရင်ဘဝက သူနေခဲ့တဲ့နေရာတွေ သူချစ်တဲ့လူတွေကို
မှတ်မိနေတာမျိုးတွေပေါ့....
မင်းကတော့ နည်းနည်းထူးဆန်းတယ်လို့ပြောရမယ်
လွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော်က
ဘဝကို မှတ်မိနေတာမျိုးပေါ့....
Dr...မင်းလိုအဖြစ်မျိုးနဲ့ လူတွေ အများကြီးကြုံဘူးတယ်
မင်းကတော့ နည်းနည်းထူးခြားတာပေါ့...."

"ဒါဆို ကျမက တစ်ကယ် ပဲ အတိတ်ဘဝကို
မှတ်မိနေတာပေါ့...."

"May be.....ဒါနဲ့ ကိုယ်မင်းကို recorder လေးနဲ့
မှတ်ခိုင်းထားတာရော...."

"ဟုတ်ကဲ့ ဒီမှာပါလာပါတယ်...."

"ပုံမှန်အိပ် ပုံမှန်စားပါ....
တစ်ချိန်လုံး ဒီအကြောင်းတွေပဲ မတွေးပါနဲ့....
side effect ရှိတယ်....ကိုယ်ပေးတဲ့ဆေးလဲ
သေချာသောက်ပေးပါ...."

"ဟုတ်ကဲ့ Dr....ဒါနဲ့ တစ်ခုလောက်မေးလို့ရမလား"

"မေးပါ "

"Dr. ..ဒီသမိုင်းကြောင်းတွေကို ဘယ်လိုရှာတွေ့ခဲ့တာလဲ"

"အချိန်တန်ရင် ကိုယ်ပြောပြပါ့မယ် "

"ဟုတ်ကဲ့ ဒါဆို ခွင့်ပြုပါအုံး..."

"ကောင်းပါပြီ "

Nohyarr Nohyarr(Completed)Donde viven las historias. Descúbrelo ahora