Trurh or Dare - 1

21.8K 919 100
                                    

PART - 1 (Unicode)

" Jungkookieeee! "

Taehyungတစ်ယောက် Jungkookနာမည်အော်ခေါ်ရင်း Jungkookထိုင်နေသည့် ဧည့်ခန်းသို့လျှောက်လာနေသည်။ Jungkookက သူ့အတွက် အခင်မင်ရဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သလို သူ့ရဲ့အခန်းဖော်လည်းဖြစ်၏။

" အင်း ပြောလေ Taehyung "

Jungkookတစ်ယောက် TVကြည့်နေရင်း Taehyungကိုလှည့်ကြည့်ကာ ပြောလိုက်ခြင်းပါပေ။

" ဟိုကောင်တွေတောင် ဒီကို လာနေပြီ။ ဒါကြောင့် မင်းနည်းနည်းလေး သပ်သပ်ရပ်ရပ်နေပေးလို့ရမလား Jungkook "

" Ahh Tae ငါကလေ အလန်းစားကောင်မလေးတွေကို ကြည့်ချင်သေးတယ်လေကွာ (TVမှာ ကြည့်နေခြင်း)"

" သြော် မုန်းစရာကောင်းလိုက်တာ "

" မင်းက gayလေ Taeရာ မင်းဒါတွေဘယ်နားလည်မှာလဲ "

" ဘောပဲ "

Taeလည်း Jungkookစကားကို လက်ခလယ်ထောင်ပြရင်း ချီးမွမ်းထောပနာပြုလိုက်၏။ ထို့နောက် သူပြောစရာရှိတာကို ဆက်ပြောနေသည်။

" နောက်ငါးမိနစ် ဆယ်မိနစ်လား ဘယ်အချိန်လဲတော့မသိဘူး။ သူတို့ရောက်လာရင် အဆင်သင့်ဖြစ်အောင် လုပ်ထားရအောင်လေ "

" ငါတို့က ဘာလုပ်ရမှာလဲကွာ "

Jungkookလည်း ပြောပြောဆိုဆိုနဲ့ ဆိုဖာပေါ်ဆက်ထိုင်နေသည်။ Taehyungလည်း မီးဖိုခန်းကို သန့်ရှင်းရေးလုပ်ပြီး Jungkookဆီ ပြန်လျှောက်လာသည်။ အင်္ကျီလက်ကို အနည်းငယ်လိပ်တင်ထားသည့် Jungkookပုံစံက Taehyungရင်ကို တလှပ်လှပ်ဖြစ်စေသည်။

" Truth or dareဆော့မလား မင်းအင်္ကျီလက်ကို ပြန်ချမလား တစ်ခုရွေး Jungkook "

Taeသက်ပြင်းချရင်း Jungkookအနားက ထွက်လာခဲ့သည်။ Jungkookကတော့ ပဟေဠိဖြစ်ရင်း ကျန်နေခဲ့သည်။

" ဟ ဘာဖြစ်လို့လဲ Taehyungရဲ့ "

" ငါလန့်လို့ပါကွာ "

Jungkookလည်း သက်ပြင်းချရင်း Taeကိုအလျှော့ပေးလိုက်ရသည်။ သူ့လက်က တက်တူးတွေနဲ့ ကြွက်သားတွေကိုလှုပ်ရှားချိန်ပေါ်လာတတ်တဲ့ သွေးကြောတွေကို အင်္ကျီလက်နဲ့ပြန်ဖုံးထားလိုက်ရ၏။

Taekook Shortfic Collection 🔞Where stories live. Discover now