Truth or Dare - 2 (Finale)

16.6K 784 119
                                    

PART -2 (Unicode)

အခုတော့ အားလုံး ရုပ်ရှင်ကြည့်လို့ပြီးသွားလေပြီ။Taeကတော့ Jungkookလက်မောင်းကိုမှီရင်း အိပ်ပျော်လုနီးနီးဖြစ်နေသည်။

" ဟမ် ရုပ်ရှင်ကားက ပြီးသွားပြီပေါ့ "

Hoseokတစ်ယောက် TV screenကိုကြည့်ရင်း ပြောလိုက်ခြင်းပါပေ။ Jinလည်း TVကို ပြေးပိတ်လိုက်ရင်း-

" ဟုတ်တယ်လေကွာ။ ကဲပါ ငါတို့ ပုလင်းဂိမ်းဆော့ကြရအောင်လေ "

သူတို့အားလုံး စက်ဝိုင်းပုံစံဝိုင်းထိုင်လိုက်ကြပြီး အပြာရင့်ရောင် LEDမီးကိုဖွင့်ကာ တစ်ခန်းလုံးကို အပြာရောင်နဲ့ခရမ်းရောင်လွှမ်းစေလိုက်သည်။

" OK Truth or dare! မင်းအရင်စ Namjoon"

" OK ငါ Yoongiကို ​ခြောက်ကြိမ်ဒိုက်ထိုးဖို့ စိန်ခေါ်တယ် "

Yoongiလည်း ချက်ချင်းဒိုက်ထိုးလိုက်ပြီး နေရာမှာပြန်ထိုင်လိုက်၏။ နောက်တစ်ခါ အလှည့်ကျသူကတော့ Tae.

" Tae မင်းရဲ့ကြောင်ကို မုန်းတယ်လို့ပြောဖို့ ငါစိန်ခေါ်တယ် "

Yoongiစကားကြောင့် Taeမျက်ခုံးတစ်ချက်တွန့်ရင်း နုတ်ခမ်းစူလိုက်၏။

" Nooooo.. ငါ့ကြောင်လေးက ချစ်စရာလေးဟာကို မုန်းတယ်လို့ပြောစရာလား "

" ခဏလေး "

ထိုစဥ် Jiminတစ်ယောက် Yoongiနားနားကိုကပ်ရင်း တစ်ခုခုပြောလိုက်သည်။

" OK Tae ငါမင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်။ မင်းရဲ့ကြောင်ကို မုန်းတယ်လို့ပြောရင်ပြော မပြောရင် Jiminမင်းကို ပေးမယ့်ဟာကို ဝတ်ရမယ် "

" OK ငါ Jiminပေးတဲ့ဟာပဲ ဝတ်တော့မယ် "

" OK ရော့ ဒါကိုဝတ်ပြ "

Jiminလည်း အနက်ရောင်သဲကြိုးနဲ့ အမျိုးသမီးအတွင်းခံ တစ်ထည်ကိုမြှောက်ပြရင်း Taeကို ပစ်ပေးလိုက်၏။

" ငါ့မှာ အဲဒါမျိုးရှိတယ်။ ရော့ မင်းဟာပြန်ယူ"

Taeရဲ့ စကားကြောင့် Jungkookမျက်လုံးတို့ ပြူးကျယ်သွားသည်။

" မင်းဝတ်တယ်ဟုတ်လား။ ငါတစ်ခါမှ မတွေ့ဖူးပါဘူး "

" အင်း ဟုတ်တယ် မင်းမမြင်ဖူးသေးဘူး "

Taekook Shortfic Collection 🔞Opowieści tętniące życiem. Odkryj je teraz