Arrest Me Mr. Jeon

9.2K 431 15
                                    

Arrest Me Mr.Jeon

ဒီည​တော့ သူ့အပေါ်လိမ်လည်ကာ အစ်ကိုဖြစ်သူ Kim Seok Jinနှင့်အတူအိပ်ခဲ့သည့် ရည်းစားဟောင်း Jiminကြောင့် Taehyung ရူးခါနေအောင်ခံစားနေရသည်။ ရူးမတတ်နာကျင်ခံစားမှုဖြင့် ကားကိုအရှိန်အမြင့်ဆုံးတင်ကာ မောင်းလာခဲ့ပြီး တစ်နေရာအရောက်တွင် ရဲတစ်ယောက်က သူ့ကားကိုတားဆီးလိုက်သည်။ ထိုရဲသားက သူ့ကားဆီလာနေသဖြင့် Taehyung ကားမှန်ကိုချလိုက်သည်။ သူ့နားကပ်လာသော ရဲသားကို အနီးကပ်မြင်လိုက်ရချိန်တွင်တော့ Taehyung ရင်ခုန်သံတို့ ဗလောင်ဆူကုန်သည်။

အညိုရောင်ဖျော့ဖျော့သူ့မျက်ဝန်းများ၊ အနမ်းခံချင်စိတ်ဖြစ်မိသော ပန်းနုရောင်ရွှန်းစိုသော နှုတ်ခမ်းဖူးဖူးလေးများ၊ ပြီးတော့ ချလံရေးနေချိန် ပိုပြီးဖောင်းကြွလာတဲ့ လက်မောင်းကြွက်သား အဖုအထစ်တွေ..။ ရဲယူနီဖောင်းနဲ့လိုက်ဖက်ခံ့ညားလျှက် ညကောင်းကင်ယံနဲ့လိုက်ဖက်ညီတဲ့ ခရမ်းရောင်ဆံနွယ်လေးတွေက ဒီရဲသားကို အမိုက်စားဖြစ်စေသည်။ သူ့နာမည်ကလည်း အမိုက်စားဖြစ်သည်။ သူ့နာမည်က Jeon Jungkook!

သူက ကျွန်တော့်ကိုချလံစာရွက်လှမ်းပေးပြီး သက်ပြင်းချလိုက်တယ်။ သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေပုံပါပဲ။

" အဆင်ပြေရဲ့လား ဆရာ "

ဒီလိုမေးလိုက်တော့ ဒီအမိုက်စားအရာရှိက ခေါင်းတစ်ချက်ညိမ့်ပြပြီး ကျွန်တော့်ကားရဲ့ပြတင်းပေါက်မှာ ခေါင်းလေးမှီလာခဲ့တယ်။

" မင်းက ကားကိုအရှိန်လွန်မောင်းနှင်မှု ကျူးလွန်ခဲ့တယ်။ မင်းကိုငါ ချလံမပေးဘဲ ငါ့ကိုပေးမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ "

ကျွန်တော့မျက်လုံးတွေပြူးကျယ်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ သူနောက်နေတာဖြစ်နိုင်ပေမယ့် ဒါက ကြမ်းလွန်းသည်။ အရှိန်ကျော်မောင်းလို့ သူ့ကိုပေးနေတယ်။ ဘယ်လိုတောင်...

" မင်းခန္ဓာကိုယ်နဲ့ ဒဏ်ငွေပေးဆောင်ခိုင်းရင်ရော... ဘယ်လိုသဘောရလဲ "

ကျွန်တော့်မျက်လုံးတွေက နှစ်ဆပြူးကျယ်သွားခဲ့တယ်။ ရင်ခုန်သံစည်းချက်တောင်မမှန်တော့ဘဲ အရူးတစ်ယောက်လိုဖြစ်သွားခဲ့တယ်။ စိတ်ညှို့ခံရသူတစ်ယောက်လို သူ့ကိုခေါင်းညိမ့်ပြလိုက်တယ်။

Taekook Shortfic Collection 🔞Kde žijí příběhy. Začni objevovat