မေမေတို့ဘက်ကသဘောမတူဘူးသား။ နယ်ကဆွေမျိုးတွေသိရင် မေမေတို့မျက်နာဘယ်လိုပြရမလဲ။ လူနာအခန်းတံခါးကိုတွန်းဖွင့်ကာ ဝင်လာရင်း ဒေါ်မဟာလှိုင်ပြောလိုက်လေသည်။"ဟင် မေမေ"
"ဟုတ်တယ်သား မေမေတို့ပဲ။ "
"သားရှင်းပြပါရစေမေမေ။ "
ဘာမှရှင်းပြနေစရာမလိုဘူးသား။ သားရှင်းပြနေလဲ မောယုံပဲရှိနေမှာမို့။ သားဆေးရုံကဆင်းတာနဲ့ မေမေတို့နဲ့ နယ်ကိုပြန်လိုက်ခဲ့ရမယ်။
ကျွန်တော်ကို ပြောခွင့်ပြုပါလားအန်တီ။ jayနဲ့ကျွန်တော်ကို လက်ထပ်ခွင့်ပြုပေးပါ။ ကျွန်တော်တို့ချစ်ခြင်းကို မခွဲပါနဲ့လို့တောင်းဆိုပါရစေ။
အိုကွယ် အဒေါ်တို့သားဟာ မိန်းကလေးတစ်ယောက်နဲ့ဆိုရင်တောင် အန်တီတို့ကမကန့်ကွက်ဘူး။ အခုဟာက ယောကျ်ားလေးတစ်ယောက်ဖြစ်နေတဲ့အတွက် မင်းလဲအန်တီတို့ဘက်ကိုပြန်ငဲ့ကြည့်ပေးပါတစ်ချက်လောက်။ အန်တီတို့ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ဘယ်လိုမျက်နာမျိုးနဲ့နေရမလဲ။
"ကျွန်တော်jayကိုတစ်သက်လုံး သစ္စာရှိရှိနဲ့ချစ်နေမှာမို့ ခွင့်ပြုပေးပါနော်။"
"ဟုတ်ပါတယ်မေမေရယ်။ သားတို့ကိုခွင့်ပြုပေးပါ။"
မေမေ့ဘက်က သဘောမတူတာဖြစ်တဲ့အတွက် သားဆေးရုံဆင်းတာနဲ့ပြန်ရလိမ့်မယ်။ ဒါမေမေ့အမိန်ပဲ။ သားဘက်ကဘယ်လိုထင်ထင် မေမေကရုမစိုက်ဘူး။
"ကျွန်တော်ကိုအခွင့်အရေးလေးတစ်ခုလောက်တော့ပေးပါအန်တီ။"
"ဘယ်လိုမျိုးလဲ။ မင်းဘက်ကပြောကြည့်လေ အန်တီစဥ်းစားကြည့်မယ်။"
"Jayကိုဒဏ်ရာအရှင်းပျောက်တဲ့အထိ ကျွန်တော်ကိုစောင့်ရှောက်ခွင့်ပေးပါ။"
မောင်ရင်ဆန္ဒကိုလိုက်လျောရင်ကော အန်တီတို့ဘက်ကလိုချင်တာကော မောင်ရင်ပြန်ပေးနိုင်မလား။ ကတိတစ်ခုဆိုရင်လဲမမှားဘူးပေါ့။ မင်းဘက်ကအဆင်ပြေမှပါ။
"ကျွန်တော်ကတိပေးပါတယ်။ ဒေါ်လေးပြောပါ။"
Jayကိုဒဏ်ရာပျောက်တဲ့အထိ အန်တီတို့ဘက်ကခွင့်ပြုပေးမယ်။ အဲ့ဒီနောက်ပိုင်းမင်း jayနဲ့အဆက်အသွယ်မလုပ်ရတော့ဘူး။ jayဟာ အန်တီတို့သဘောတူတဲ့မိန်းကလေးနဲ့ အိမ်ထောင်ချပေးတော့မှာမို့။ မောင်ရင်ဘက်ကနေ ထပ်မဆက်သွယ်တော့ဖို့လဲပြောထားပါရစေ။
YOU ARE READING
ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်
Fanfictionဒါကျွန်တော် အရမ်းကြိုက်တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပေးစေချင်ပါတယ်။ Fanficဖြစ်တဲ့ "ကံကြမ္မာက ဖန်တီးပေးတဲ့အချစ်" ကိုဖတ်ရှု့ပေးစေချင်ပါတယ်။ "ငါကမိန်းကလေးပဲကြိုက်တဲ့ယောကျ်ားတစ်ယောက် ယောကျ်ားလေးတစ်...