Crackhead Mood On

1K 114 12
                                    

Zawgyi *

" ဒီမှာ ဒီမှာ ! "

" ဟ အရှေ့  ကကောင်လေး "

ကျစ် ။ ဂျီမင်စုပ်တစ်ချက်သပ်မိလိုက်သည်
ဒီလူတော်တော်အနှောင့်အယှက်ပေးတာပဲ

"ဘာလဲ ပြော "

အသံလားရာဆီလှည့်ကြည့်ပြီး
လုံးလုံးထွေးထွေးနှုတ်ခမ်းလေးကလည်းအလိုအလျောက်ထော်လျက်သား

"ဘေဘီ ကလည်း လေသံကမာလိုက်တာ"

"ဘယ်သူကခင်ဗျားဘေဘီလဲ
ဘိုင်ဝမ်းထိုးမလားပြော "

"Kissing ဘိုင်ဝမ်းလား ဘေဘီ "

မျက်ခုံးတစ်ဖက်ပင့်ပြီးအောင်နိုင်သူအပြုံးဖြင့်ပြုံးပြလိုက်တဲ့ မင်ယွန်းဂီ

" ဟ ခင်ဗျား ! "

ဂျီမင်ဒေါသဟာငယ်ထိပ်တက်မတက်။
သူပြောသည့် 'kissing ´ ဆိုသည့်စကားလုံးကိုလည်းလုံးဝမကျေနပ်
kissingရအောင်သူနဲ့ ဘာဆိုင်လို့ လဲ
ဒီလူဘာဖြစ်ချင်နေတာလဲ
လူကြားထဲမှာဆွဲထိုးမိတော့မယ်

နှုတ်ခမ်းထော်ထော်လုံးလုံးကနေတတွတွတ်တွတ်ရွတ်ပြီးနောက်

ဂျီမင်ဟာ ခေါင်းထိခြုံထားတဲ့အဝါရောင်
Hoodieလေးကိုလက်ခေါက်ပင့်တင်ပြီး
ခါးထောက်ကာ ပယ်ပယ်နယ်နယ်ရန်တွေ့ ပါလေတောာ့တယ်။

" ဒီမှာ မင်ယွန်းဂီ --"

" ဗျ ဗျ အမိန့် ရှိပါ ဘေဘီပိစိ "

ဆက်ပြောမည့်စကားကိုဖြတ်ပြောခြင်းခံလိုက်ရသောကြောင့်ဂျီမင်မျက်ခုံးတွန့် ချိုးလျက်သား ။

"စောက်ခွက်လာမပြောင်နဲ့ 
ကြည့်ရတာမဟုတ်ဘူး "

ဂျီမင်ဆူပုတ်ပုတ်မျက်နှာလေးကို
ကြည့်ပြီးယွန်းဂီမှာဖျစ်ညစ်ချင်စိတ်တစ်ဖွားဖွား ။

ဘယ့်နှယ့် သုံးနှစ်သားလေးကြ

" ကျွန်တော့်ကိုပိုင်စိုးပိုင်နင်းနဲ့ 
ဘေဘီလို့ ပြောစရာမလိုဘူး
လိုက်လည်းနှောင့်မယှက်နဲ့ 
ကြားလား ! "

CREAKHEAD MOOD ONWhere stories live. Discover now