Oranged UWU

582 102 19
                                    

အထက်တန်းနောက်ဆုံးနှစ် ။

" သောက်ဂွပဲ
ကျောင်းနောက်ကျနေပြီ "

" အမေရေ သားသွားပြီ ။ "

အဖြူရောင်ရှုးဖိနပ်ကိုအမြန်ကောက်ဝတ်ပြီး အိမ်ပေါက်ဝလောက်က ယွန်းဂီ
လှမ်းအော်တော့

" ဟဲ့ ဟဲ့ ယွန်းဂီ
စက်ဘီးဖြေးဖြေးမောင်းဦး
ဒီစက်ဘီးထပ်ပျက်လို့ ကတော့အသစ်မဝယ်ပေးဘူးမှတ် "

အမေဖြစ်သူကြိမ်းမောင်းသံကို
လျစ်လျှရှုပြီးထွက်လာခဲ့တယ်

အစိမ်းရောင်ဘက်သန်းချင်သော
ဆံပင်ကိုလက်ဖြင့်ဖွလိုက်ပြီး
စက်ဘီးဒေါက်ဖြုတ်ကာ
ပထမဆုံးကျောင်းတက်ရက်အတွက်အားခဲထားတော့တယ် ။




" ဟိုလဒတွေက အခန်းထဲမှာလည်းမရှိပါလား "

စာသင်ခန်းထဲရောက်ရောက်ချင်း
သူငယ်ချင်းရောင်းရင်းများအားမတွေ့ မိသောကြောင့် ကန်တင်းဘက်သို့ ထွက်လာခဲ့တယ်

"ဒီကောင်တွေ ကန်တင်းမှာပဲနေမှာ "

စားပွဲမှာ လွယ်အိတ်ပစ်တင်ပြီး
ခြေလှမ်းတွေက အခန်းဝဆီသို့ 

" အ့ "

တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်မိသည်ဟု အလိုလိုသိမိလိုက်သည်

ဝေ့ဝဲကြည့်မိတော့စာအုပ်တစ်ချို့ ကလည်းမြေပြင်မှာ
ကျလျက်သား

မည်သူကစဝင်တိုက်မှန်းမသေချာပေမယ့် လူ့ ကျင့်ဝတ်အရ ကျနေသော
စာအုပ်များကိုယွန်းဂီကူကောက်ပေးမည်ပြုသည်

ထိုအခိုက်

° ဖတ် °

ရိုက်ချခံလိုက်ရတဲ့
ယွန်းဂီလက်ဖွေးဖွေး

" မလိုဘူး "

မတိုးမကျယ်နှစ်ကိုယ်သား
ကြားနိုင်လောက်သည့်အသံလေး
စကားလုံးသုံးလုံးစာမျှဖြစ်သောလည်း
ထိုအသံလေးသည်ယွန်းဂီနားထဲစိမ့်
စိမ့်ဝင်နေသည်

ခေါင်းမော့ကာ မျက်နှာလေးကိုကြည့်မိသည်

လိမ်မော်ရောင် !

လိမ်မောင်ရောင်ဆံပင်ပိုင်ရှင်ပိစိလေး။

ဘယ်လောက်တောင်ငေးမောနေမှန်းမသိ

CREAKHEAD MOOD ONWhere stories live. Discover now