First Meet 🐲🤞🐼 Part 6

153 18 0
                                    

First Meet 🐲🤞🐼

Episode (6) Blue 💙

ဆိုလ်းမြို့သို့ တစ်ဦးတည်း စွန့်စွန့်စားစားရောက်ရှိလာကတည်းက ကျောင်းသားအရွယ်ဖြစ်၍ ကွမ်ဂျူးကျောင်းမှ ဆိုးလ်ကျောင်းတွင် ပြောင်းရွေ့တက်ရောက်ခဲ့ရသည်။

ကျောင်းကတစ်ဖက်၊ လေ့ကျင့်ချိန်ကတစ်ဖက်မို့ မိမိတွင် အားလပ်ချိန်ဟူ၍ များများစားစားမရှိခဲ့ပေ။

တစ်ခါတရံ ညဘက်အချိန်မတော် အကိုများက လာနိုးကာ...

" အငယ်လေး သောက်ရေ ကုန်နေပြီ သွားသယ်ပေးပါဦး..."

ထို့သို့ပြောလေတိုင်း အငယ်ဆုံးမို့ မနာခံပဲနေ၍ မရလေတော့...

" ဟုတ်ကဲ့ Hyung... " ဟုဆိုကာ အိပ်ချင်မူးတူးဖြင့် Leader ကြီးဖက်ထားသော လက်မောင်းကြားမှ ထွက်ရင်း ကုန်းရုန်းထကာ နီးစပ်ရာဆိုင်မှ ရေသန့်ဘူးသွားသယ်ရပြန်ဧ။်။

အိပ်ခန်းသို့ပြန်ရောက်သောအခါ ကာလနဂါးကတော့ အိပ်ပျော်နေသည်မှာ တုပ်တုပ်ပင်မလှုပ်။

: သူက အိပ်ချိန်ဆို ငါတစ်ယောက်လုံး ပျောက်သွားရင်တောင် သိမှာ မဟုတ်ဘူး... ပြောတော့ သူ့အပိုင်ပါဆိုပြီး...:

Seungri မကျေမနပ်ဖြင့် ခုတင်ပေါ်သို့ ရိုးရိုးတန်းတန်းမတက်ပဲ မှောက်အိပ်နေသော G-dragon ဧ။် ကျောပေါ်သို့ တက်ဖိကာ နံရံဘေးကပ်ရပ်ရှိ မိမိနေရာဆီသို့ ရောက်အောင် လူးလိမ့်သွားလိုက်သည်။

" မှတ်ပြီလား... ငါလေး ဝိတ်တက်အောင် လုပ်ဦးမှ... ဒါမှ သူ့ကို ဝိတ်နဲ့ဖိထားလို့ရမှာ... အခုက ခန္ဓာကိုယ်ကပေါ့နေတော့ သိပ်မသိသာလိုက်ဖူး..."

Seungri နှုတ်မှ တတွတ်တွတ်ရေရွတ်ရင်း နံရံဘေးသို့ကပ်အိပ်လေသော် မိမိအား လာဖက်သည့် အထိအတွေ့ကြောင့်...

" အသားသိပ်ယူတာပဲ... ဂါး... အိပ်လို့မရဘူး..."

Seungri တယောက် ဒေါသူပုန်ထနေမိကာ အိပ်ချင်ယောင်ဆောင်လျက် ပြုံးစိစိဖြင့် G-dragon ခိုးရယ်နေသည်ကို သတိမထားမိခဲ့ပေ။

🎼❤🎼❤🎼

အရင်က သူငယ်ချင်းဖြစ်သူ Young Bae အား အတူဖက်အိပ်ခဲ့ခြင်းမရှိသော်လည်း အသားထိမှ အိပ်ပျော်သော Jiyongမှာ Bae ဧ။် လက်မောင်းနှင့် ထိကပ်၍ အိပ်လေ့ရှိခဲ့သည်။

First Meet 🐲🤞🐼 (Season.1 Completed)Where stories live. Discover now