First Meet 🐲🤞🐼 Part 9

147 17 0
                                    

First Meet 🐲🤞🐼

Episode (9) D-day 💐

" Bae... ငါ မင်းကို ပြောစရာရှိတယ်..."

ပြောရင်းဖြင့် ဟိုဟိုဒီဒီ လှမ်းကြည့်ကာ ဂနာမငြိမ်ဖြစ်နေသော Jiyong ကြောင့်...

" ဘာလဲ မင်း ဘဏ်ဓားမြတိုက်မလို့လား..."

" ဟေ့ကောင်... ငါက ဘဏ်ဓားမြတိုက်စရာလားကွ...စကားအကောင်းပြောမယ်ဆို မင်းက ထဖောက်ပြီ..."

" ဟား... မသိဖူးလေ... မင်းက တောင်ကြည့်မြောက်ကြည့်နဲ့ဆိုတော့ ငါက အခြားသူတွေ သိလို့မဖြစ်တဲ့ကိစ္စထင်လို့ပေါ့..."

" အေး... ငါအခုပြောမှာကလည်း လူသိလို့မဖြစ်တဲ့ကိစ္စပဲ... ဘဏ်ဓားမြတိုက်ဖို့်အထိ တွေးတာကတော့ မင်းကလွန်လွန်းပါတယ်..."

Young Baeတယောက် ပြောင်စပ်စပ်အမူအရာဖြင့် ရယ်မောရင်း...

" ဟုတ်ပါပြီကွာ... ကဲပြော... မင်းပြောမယ့်ကိစ္စကို..."

Jiyong က ထပ်မံ၍ ဘေးဘီကို လှမ်းအကဲခတ်လိုက်ပြီးမှ...

" ငါ အငယ်လေးကို ဖွင့်ပြောတော့မလို့..."

" ဘာ........."

ရုတ်တရက်ကြီး ကျယ်လောင်စွာ အော်လိုက်သော အသံကြောင့် Jiyong မှာ Young Bae ဧ။် ပါးစပ်ကို အလျင်အမြန် လှမ်းပိတ်လိုက်ပြီး...

" တိုးတိုးနေစမ်းပါ... မင်းက ဘာလို့ထအော်ရတာလဲ...မင်းလုပ်တာနဲ့ Dae Saung တို့တွေ ကြားကုန်တော့မယ်..."

လေ့ကျင့်ရေးအခန်းအပြင်၌ စကားထိုင်ပြောနေကြသော ကျန်သူများရှိနေကြောင်းအား Young Bae ကို မေးငေါ့ပြလိုက်လေတော့...

" ငါက အရမ်းအံအားသင့်သွားလို့ပါကွာ... မင်းက တကယ်ကြီး ဖွင့်ပြောတော့မှာလား..."

Jiyong ခေါင်းကိုဆတ်ကနဲ ညိတ်ပြလျက်...

" အင်း... သူ့ကို ငါမဟုတ်တဲ့ အခြားသူတစ်ယောက် ပိုင်ဆိုင်သွားမှာကို ထိုင်စောင့်နေမယ့်အစား မြန်မြန်ဖွင့်ပြောလိုက်တာ ပိုကောင်းမယ်ထင်လို့..."

" ဒါနဲ့ မင်းက ဘယ်လို ဖွင့်ပြောမှာလဲ..."

" ဟီး... ငါလည်း အဲဒါကို တွေးရခက်နေတာ..."

" Jiyong...မင်းက Suprise လုပ်ပြီး ဖွင့်ပြောချင်တာ မဟုတ်လား..."

" အေး... အဲလိုသဘောမျိုးပေါ့ကွာ..."

First Meet 🐲🤞🐼 (Season.1 Completed)Donde viven las historias. Descúbrelo ahora