(ZawGyi Ver)
Koreaပြန်ရောက်တုန်းအိမ်ခဏ
ပြန်ချင်တာကြောင့်ခွင့်သုံးရက်ယူကာ
Kim Kaiဆီကထွက်လာလိုက်သည်။ ။
။ မသွားခင်သူကြိုက်တက်တဲ့ဟင်းပွဲတွေကို
သုံးရက်စာပြင်ဆင်ပေးထားရသေးတယ် ။
ဒါတောင်သူကကြည်ကြည်ဖြူ ဖြူမလွှတ်ချင်သေး
မနည်းပြောမှအင်တင်တင်ဖြင့်ခွင့်ပေး၏။ ။ဒီနှစ်ရက်အတွင်းသူ့ဆီက
ဘာအဆက်သွယ်မှမရတော့လဲ
ရင်ထဲကလွမ်းသလိုဆွေးသလို
ုဖြစ်နေပြန်သည်။ဒါပင်မဲ့ကျွန်တော့်ဘက်ကစပြီးတော့
ဖုန်းမခေါ်နိုင်!!တွေးနေရင်းသူ့နှုတ်ခမ်းရွဲ့အပြုံးကို
စိတ်ထဲမြင်ယောင်လာတာမလို့ဒေါသဖြင့်
ကိုင်ထားသည့်ပန်းသီးအိတ်ကိုဆောင့်ချလိုက်
တော့...ထွက်ကျလာသည့်ပန်းသီးတစ်လုံး..."ကျစ်!!"
ကျွန်တော်ကလိုက်လေထိုပန်းသီးကပြေးလေနဲ့
နောက်ဆုံးကားလမ်းပေါ်ကျသွားတာကြောင့်
ကောက်ယူမလို့ပြင်နေတုန်းရင်ခွင်ကျယ်တစ်ခုထဲသို့အဆွဲသွင်းခံလိုက်ရသည်။"ကားတစ်စီးလုံးလာတာတောင်
မမြင်ဘူးလားDo kyungsoo!!""Kai"
အံသြစွာရီရွတ်မိတော့သူကဖက်ထားရာမှ
လွှတ်ပြီးခုနကပန်းသီးကိုသွားကောက်ကာ
ကျွန်တော့်လက်ထဲထည့်ပေးတယ်။ ။"ဒီပန်းသီးကဘာများတန်ဖိုးကြီးနေလို့
အသက်နဲ့ရင်းပြီးသွားကောက်တာလဲ!!
တောက်!! ကိုယ်ရှိနေလို့ပေါ့မဟုတ်ရင်
မင်းကားအောက်မှာပြားသွားပြီ!!"ဆူနေတာလား? ရွှဲ့နေတာလား?
မသိပင်မဲ့သူ့ကိုဘာမှပြန်မပြောနိုင်။
။ ကျောက်ရုပ်လိုငေးကြည့်နေမိသည် ။
မတွေ့တဲ့အတွင်းသူကမနာလိုစရာကောင်းအောင်
ပိုချောလာတယ်။ ။ ဆံပင်ကိုအရင်လိုလှန်မတင်ထားတော့ပဲသဘာဝအတိုင်းချထားတာကြောင့်နဖူးပေါ်မှာခဲရောင်ဆံသားလေးတွေကပြန့်ကျဲနေသည်။
YOU ARE READING
Mine(Kaisoo Yaoi)
RomanceDo kyungsoo:ငါကိုမင်းရဲ့ပိုင်ဆိုင်မှုတစ်ခု အနေနဲ့သတ်မှတ်နေသရွေ့ငါမင်းကိုပြန်မချစ်နိုင်ဘူးဆိုတာမြဲမြဲမှတ်ထားလိုက်ပါKim jongin!! Kim jongin:အောင်မြင်ကျော်ကြားမှု၊စည်းစိမ် ဥစ္စာ၊ပိုင်ဆိုင်သမျှအားလုံးပျက်ဆီးသွားရင်တောင်မင်းဆိုတ...