(ZawGyi Ver)
အပြာရောင်ပင်လယ်ပြာလေးကိုနောက်ခံထားပြီး
Postမျိုးစုံပေးသူသည်တစ်ချက်တစ်ချက်
Kyungsooကိုလှည့်ကြည့်ကာမျက်စိတစ်ဖက်
မှိတ်ပြနေတာကြောင့်အုန်းရေသောက်ရာမှ
မျက်နှာလွဲလိုက်သည်။ အားလပ်ရက်
အိမ်ပြန်နားချင်တယ်ဆိုတာကိုမနားခိုင်းပဲ
လူကိုသူ့Shootingဆီဇွတ်အတင်း
ခေါ်လာသည်။ စကိတ်ဘုတ်ကြော်ငြာရိုက်တာက
မနက်ထဲကနေအခုညနေဆောင်းတဲ့အထိမပြီးသေး
နေဝင်ပြီမလို့လေအေးတွေတိုက်လာသဖြင့်
Kyungsooသဲသောင်ပြင်ပေါ်က
ခြေထောက်လေးတွေကိုကုပ်ထားမိသည်။အပေါ်ပိုင်းအဝတ်ဗလာနဲ့Kim Kaiကတော့
ချမ်းပုံတစ်စက်မျှမပုံ...။ ။
ညိုညက်နေသောအသားရည်...
ပုခုံးပြင်ကျယ်ကျယ်..ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်နဲ့
သူကMake-upဘာမှမပြင်ထားတာတောင်
ကမ်းခြေကဖြတ်သွားသူမှန်သမျှကိုအကြည့်မခွာ
နိုင်အောင်ဆွဲဆောင်နေ၍Kyungsoo
နှာခေါင်းရှုံမိသည်။ ။"Cut...Mr.Kimပင်ပန်းသွားပြီ...
ဒီနေ့Shootingအတွက်ကျေးဇူးအများကြီး
တင်ပါတယ်နော်...နောက်လဲ"Producerကပြောတာတောင်မဆုံးသေး
Kyungsooဆီပြေးလာတဲ့သူကြောင့်
အားနာနာဖြင့်Producerကိုပြုံးပြလိုက်
ရသည်။ ။ Kim Kaiကအလုပ်ချိန်အတွင်းတော့
တာဝန်တိကျအောင်သေချာအာရုံစိုက်ပင်မဲ့
သူ့အလုပ်ပြီးသွားရင်တော့ဘယ်သူ့ကိုမျှဂရုမစိုက်...လူမူရေးဘာညာလဲမသိ...။"ကိုယ့်ချစ်သူကိုလဲဂရုစိုက်ဦး
တခြားသူကိုပဲကြည့်မနေနဲ့"ဂုတ်နားထိရောက်နေသည့်ဆံပင်တို့ကို
စိတ်ရှုပ်သလိုဖွကာKyungsooကို
မျက်မှောင်ကြုတ်လျက်ကြည့်ကာပြောတာ
ကြောင့်ခေါင်းရမ်းလိုက်ရင်းအခန်းထဲဝင်လိုက်
သည်။"ကျစ်...အဲဒါတွေမကြိုက်တာ...
အမြဲပေကပ်ကပ်နဲ့...Shootingသာ
ခေါ်လာတာကျောက်ရုပ်ကြီးကျနေတာပဲ"
YOU ARE READING
Mine(Kaisoo Yaoi)
RomanceDo kyungsoo:ငါကိုမင်းရဲ့ပိုင်ဆိုင်မှုတစ်ခု အနေနဲ့သတ်မှတ်နေသရွေ့ငါမင်းကိုပြန်မချစ်နိုင်ဘူးဆိုတာမြဲမြဲမှတ်ထားလိုက်ပါKim jongin!! Kim jongin:အောင်မြင်ကျော်ကြားမှု၊စည်းစိမ် ဥစ္စာ၊ပိုင်ဆိုင်သမျှအားလုံးပျက်ဆီးသွားရင်တောင်မင်းဆိုတ...