......Part 1.....
.
ပြောရမယ်ဆိုလျှင်..သူ့ကို. စတင်ပတ်သက်ခဲ့သည်မှာ...
Jen ရဲ့ နမော်နမဲ့ နိုင်သော အကျင့်ကြောင်းသာဖြစ်သည်။
..
ဒီအကျင့်ကို ဘယ်လောက်ပဲ...သတိထားကာပြင်ပြင် သတိလွတ်သည်နှင့် တစ်ပြိုက်နက် jen ကို ဒုက္ခတော့တာပင်...။Jen သည် ထို အကျင့်ကို မကြိုက်လှပါ...။
သို့သော် ..jen ဟာ ဘယ်လို နက္ခတ်နဲ့ ယှဉ်ပြီး မွေးလာသလဲတော့ မပြောတတ်ချေ....။
.....တစ်နေ့တွင် တစ်ခါလောက်တော့...လွဲချော်တတ်ရသည်။....
......ထိုနေ့ကတော့...မှတ်မှတ်ရရ..သတိလေး တစ်ချက်လွတ်တာနှင့် ပြဿနာ တစ်ရက်ကို ဖန်တီးမိ လိုက်သည်။....
....
Jen အိမ်ကနေ ဆေးတက္ကသိုလ်(2) ကို ထွက်လာကာ ဟိုရောက်သည်အထိ. အဆင်တပြေပြေ ချောချော မောမောပဲ ဖြစ်သည်။..
..
Jen ရဲ့ သူငယ်ချင်းတွေ ရှိရာ ဆေးကျောင်းကို အလည်သွားဖို့ ထွက်လာခဲ့သော jen ဟာ ကျောင်းထဲသို့ ..ရောက်လာသော်လည်း ဘယ်ကို ဆက်သွားရမှန်းမသိ....။
.
....တွေ့လား..ဘာလုပ်လုပ် မသေချာသော jen ရဲ့ အလွဲတစ်ခု စတင်ခဲ့ပြီ..
.
ကားကို ဘီးလှိမ့်ရုံသာ မောင်းရင်း အကြံအိုက်နေတုန်းမှာဘဲ jen ရဲ့ ဖုန်းလေးက ထမြည်လာသည်။
.
"ဒီး....dèeee. ..📲"အင်...ပြော....📱
သူငယ်ချင်းဖြစ်သူ...Jisoo ထံကမို့ jen က ခပ်တည်တည်ပက် ပြန်ပြောလိုက်သည်။...
.
"အမယ်...လေသံက အထက်စီးနဲ့ ...အခု နင်ဘယ်မှာလဲ...📱"ငါလား နင်တို့ကျောင်းပေါက်ဝမှာပေါ့ဟဲ့...နင်တို့က ဘယ်မှာလဲ. ..ငါ ဘယ်ကို လာခဲ့ရမလဲ....:📱
"သိနေတယ် နင် ကူရာကယ်ရာ မဲ့နေမှန်းသိလို့ လှမ်းခေါ်လိုက်တာ..ငါတို့ Canteen မှာ နင့်ကို စောင့်နေတယ်...📱..
"အင်..ငါ အဲ့ Canteen ကို မလာတတ်ဘူး...📱"
"ပြောပြပါ့မယ်...အခု နင် ကျောင်းပေါက်ဝမှာနော်...အဲ့ကနေ ဘယ်ဘက်ကို ချိုးလိုက်..📱."
"ဟုတ်ပြီ...ဟုတ်ပြီ...အဲ့လိုလေးမှပေါ့..📱."
.
Jisoo လမ်းညွှန်သည့်အတိုင်း...jen က ကားကို မောင်းလာခဲ့လိုက်သည်။
စကား တပြောပြောနဲ့ အရွှန်းလေးပါ ဖောက်လျက်..တစ်ချက် တစ်ချက်..တဟားဟားပင် အော်ရယ်နေသော...jen ဟာ သတိတစ်ချက် အလွတ်မှာတော့ လူတစ်ယောက် ကို တိုက်မိသွားတော့သည်။...
.
အကျင့်ရှိသော ခြေထောက်တွေဟာ..ဘရိတ်ရော ကလပ်ရောကိုပါ..ပိုင်ပိုင်နိုင်နိုင်..ဆွဲအုပ် နိုင်လိုက်၍သာ..ဘာမှ ဖြစ်မသွားခြင်းပါ...။
.
"အမလေး!😱..ဘုရား...ဘုရား..တော်ပါသေးရဲ့ ဒုက္ခပါဘဲ...."
YOU ARE READING
ဟန်ဆောင်ခြင်းဖြင့်..ဖန်တီးထားသော..
Fanfictionအမှတ်တမဲ့ ကနေ အမှတ်တရ အဖြစ်...ဖန်တီးပေးတဲ့... ရှင့်ကို...ကျွန်မ ရင်ခုန်တယ်...