.At Next day. .
.
နောက်တစ်နေ့တွင်..jen တစ်ယောက် ကားမောင်းလာရာ..
သူမ ကားနှင့် တိုက်တိုက်ဆိုင်ဆိုင်..ဆုံလေသည်။...
Jen သည် သူမ..ကားကိုကျော်မတက်ဘဲ..မလှမ်းမကမ်းမှနေ၍သာ...ခွာ၍..မောင်းလာခဲ့သည်။
သူမ.. ဦးတည်မောင်းနှင်နေတာက...3rd MB အတန်းများ ရှိရာဘက်သို့ ဖြသ်တာကို သတိပြုမိသည်။
.
သူမ...ကားလေး ရပ်သွားချိန်ဝယ် Jen ရဲ့ ကားလည်း အလှမ်းမကမ်းမှာ ရပ်ပြီးနေချေပြီ။...
.
သူမက ကားပေါ်မှ ကျောပိုးအိတ်နှင့် စာအုပ် တစ်ချို့ကို လှမ်းယူပြီး အေးအေး ဆေးဆေးပင် ဆင်းလာကာ ကားကို သော့ပိတ်လိုက်သည်။..
.
မီးခိုးရောင် စပို့ရှပ်နှင့် စတိုင်လ်ပန် အနက်ကို တွဲဖက်ဝတ်ဆင်ထားသော သူမ...ပုံစံသည် ဘယ်အချိန်ပဲ မြင်လိုက် မြင်လိုက်...
အထူးတလည် သပ်ရပ်စမတ်ကျကာနေ၏..။
သူမ ..ပုံစံသည် အလိုလိုကို ဆရာဝန် ရုပ်ထွက်နေသော ဥပဓိရုပ်မျိုး ဖြစ်သည်။...
.
"ဟဲ့..jen နင်ပြောတာ သူလား..""အင် ဟုတ်တယ် နင်တို့ သိလို့လား..."
"သိတယ်...သိတာပေါ့နော်...ဟဲ့ jen သူနဲ့ Irene နဲ့က လမ်း နံပတ်ချင်း သိပ်မဝေးဘူးရယ်..Irene ပြောပြလိုက်လေ...:"
.
Jisoo ကို Irene ရဲ့ လက်မောင်းကို ရိုက်ရင်း ပြောလိုက်တော့...jen ရဲ့ မျက်ဝန်းအိမ်လေးက အရောင်တောက်ပလာသည်။..
မျှော်လင့်လျက်တွေနဲ့ပေါ့. .။
.
"အေ!..သူ့နာမည်က Lalisa manoban ဘဲ..သူက Korea လူမျိုးမဟုတ်ဘူး..ထိုင်းလူမျိုး..ထိုင်းကလာတာ..ဒီနှစ်မှ ရောက်လာတာ..ဒါကြောင့် ငါ့တို့ သူ့ကို မသိတာ...ကဲ..ဘယ်လိုလဲ...jen. ...ဟိုက သွားနေပြီ...နင် ဘာလုပ်မလဲ...""ငါ သွားမေးမှာပေါ့ဟ..ရှင်တို့ ကားပေါ်မှာဘဲ စောင့်နေ..."
..
......jen သည် သူမကို သူမ ယုံကြည်တက်ကြွသော ခြေလှမ်းများဖြင့်...သူမ
..နောက်ကို အပြေးကလေး လိုက်လာခဲ့သည်။..
.
သူမနှင့် နီးကပ်လာလေလေ..jen ရဲ့ ရင်တွေက တဖျပ်ဖျပ် နှင့် ခုန်လာတာကို သတိပြုမိလာရလေလေပင်။..
.
အနောက်ကနေ...မြင်နေရသော သူမရဲ့ နားရွက်လေးတွေ ကုပ်ပိုသားလေးတွေကို ချစ်စနိုးဖြင့် ပြုံးကာ ကြည့်ရင်းမှ သူမကို ..jen က စ၍ ခေါ်လိုက်သည်။
.....
''ဟိတ်!...ဒီမယ်...Please တဆိတ်လောက်..."Jen လှမ်းခေါ်လိုက်တာကြောင့် သူက ခြေလှမ်းတွေ တုန့်ခနဲ့ ဖြစ်သွားကာ..ရပ်သွားသည်.။
Jen ကို လှည့်ကြည့်လာသော..သူမ..မျက်လုံးများတွင် မှတ်မိသွားသည့် အရိပ်သဏ္ဌာန်တွေကြောင့် jen ပျော်သွားရပါသည်။
.
"ဘာ ကိစ္စရှိလိုလဲ Shii "
YOU ARE READING
ဟန်ဆောင်ခြင်းဖြင့်..ဖန်တီးထားသော..
Fanfictionအမှတ်တမဲ့ ကနေ အမှတ်တရ အဖြစ်...ဖန်တီးပေးတဲ့... ရှင့်ကို...ကျွန်မ ရင်ခုန်တယ်...