အခန်း(၂) - အခန္း(၂)

35 2 0
                                    


အယ်မလီတစ်ယောက် ပြတင်းပေါက်မှာ ထိုင်နေပြီး မိုးကြိုးပစ်လိုက်တိုင်း တုန်တုန်သွားတဲ့ ပြတင်းမှန်ကို ကိုင်ကြည့်နေမိပါတယ်။ ရေဒီယိုမှာလည်း အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းတလျောက် မုန်တိုင်းတွေ ဖြစ်ပေါ်နေတာကို အချိန်နဲ့ အမျှ ကြေငြာနေတယ်။ အယ်မလီနေတဲ့ နယူးယောက်မြို့ အလယ်ပိုင်းကတော့ မုန်တိုင်း အဆိုးဆုံးဖြစ်လို့နေတယ်။ ထိုင်နေရင်းနဲ့ သူ့အဖေနဲ့ သားအဖ နှစ်ယောက် တူတူနေကြတဲ့ ဒီတိုက်ခန်းလေးအတွက်တော့ ရိုးရိုး မုန်တိုင်းလောက်ဆိုရင် ဘာမှ မဖြစ်လောက်ဘူး လို့ပဲ သူတွေးနေမိတယ်။

သူဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့အဖေ ဘာလုပ်နေလဲဆိုတာ လှမ်းစပ်စုလိုက်တယ်။

ရှိသမျှရဲတွေ အကုန်လုံး ဒီနေ့ အလုပ်ဆင်းရတယ်သမီးရေ။ အချိန်ပြည့် နှစ်ချိန်မကဘူး သုံးချိန်ထိ ပတ်လည်အောင် ဂျူတီဆင်းနေရတယ်။ ရာသီဥတုကဆိုးတော့ တမြို့လုံးက ကြောက်လန့်တကြားဖြစ်နေကြတာ။ သမီးကို ဖေဖေပြောမယ်။ ပြတင်းပေါက်သွားကပ်မနေနဲ့ဦး။ တမြို့လုံး မိုးကြိုးတွေ အပစ်ခံနေရတာ အဖေတို့ တိုက်က အပေါ်ဆုံးထပ်ဆိုတော့ အန္တရာယ် အရမ်းများတယ်။ 


အဖေဖြစ်သူသတိပေး ပေမယ့် အယ်မလီ ကတော့ ပြတင်းမှန်ဘေးနားမှာထိုင်ပြီး တဂျုန်းဂျုန်းပစ်နေတဲ့ မိုးကြိုးတွေကို ကြည့်နေမိပါတယ်။ ဒီနေရာက အယ်မလီ့ မေမေရဲ့ အကြိုက်ဆုံးနေရာလေးဖြစ်ခဲ့တာပေါ့။ မေမေက ဒီနေရာကို "ဝပ်ကျင်းလေး" လို့ခေါ်လေ့ရှိတယ်။ အထပ်နှစ်ဆယ်ကနေ အောက်ကို လှမ်းကြည့်ရင် ရွေ့လျားနေတဲ့ ကမ္ဘာကြီးကွက်ကွက်ကွင်းကွင်း မြင်ရတယ်လေ။ မေမေဆုံးပြီး ကတည်းက ဒီနေရာလေးမှာ အယ်မလီ ခဏခဏထိုင်ဖြစ်တယ်။ မေမေအနားမှာ နေရသလိုတွေးမိလို့။

ဒီဝပ်ကျင်းလေးကနေလှမ်းကြည့်ရင် မုန်တိုင်းက သဲသဲမဲကြားထဲ့က အင်ပိုင်ယာစတိတ် မိုးမျော်တိုက်ကြီးကို လှမ်းမြင်ရတယ်။ မုန်တိုင်းက တိုက်ကြီးကို သဲသဲမဲမဲ အမဲဖျက်နေတယ်။ ဖေဖေပြောဖူးတာတော့ အဲဒီအမြင့်ဆုံးတိုက်ကြီးက မိုးကြိုးလွှဲကြီးလို ဖြစ်နေလို့ ဘေးနားက ကျန်တဲ့ တိုက်တွေ သက်သာတာတဲ့။ အယ်မလီစဉ်းစားနေတာက အခုလို တချိန်လုံး မိုးကြိုးတွေ သူ့ အင်တီနာတွေ ပေါ် ပစ်ချနေတာကို ဘယ်လောက်အထိ ခံနိုင်မလဲဆိုတာ။ အယ်မလီ ဒူးနှစ်လုံးကို ဖတ်ထားပြီး တုန်နေတယ်။ မေမေရှိတုန်းကတော့ ဘယ်တုန်းကမှ မိုးကြိုးပစ်ရင် မကြောက်ဖူးဘူး။ ရာသီဥတု ဘယ်လောက်ဆိုးဆိုး ပျော်စရာကောင်းတဲ့ အချိန်လို့ သဘောထားပြီး သားအမိ နှစ်ယောက် ရင်ခုန်ကြတယ်။

နတ်မြင်းကြီးပီးဂါးဆပ်စ်Where stories live. Discover now