Unicode
သူမ..
သူမနာမည်က ဟယ်သာ တဲ့
သူမမှာ အညိုရောင်ဆံနွယ်လေးတွေရှိတယ်
သူမမှာ ကောင်းကင်ကြီးထက် လှတဲ့ မျက်လုံးလေးတွေ
ရှိတယ်
သူမမှာ တစ်တန်းလုံးကပေးတဲ့အချစ်တွေရှိတယ်
ကျွန်တော့မှာတော့ chanyeolကိုချစ်ပေးနိုင်တဲ့
အချစ်တွေပဲရှိတယ်။"baekhyunna ဘာတွေတွေးနေတာတုံး!
သူ့အကြောင်းစဉ်းစားနေချိန်ဆို
ရောက်ရောက်လာတဲ့ ကျနော့်ရဲ့သူငယ်ချင်း
ParkChanyeol."မင်းကို အမြင်ကတ်တဲ့အကြောင်း
"ချစ်တဲ့အကြောင်းကောမတွေးဘူးလား
"ဟင်?
ဘယ်လိုကြီးလဲ ကျနော်ရင်ခုန်သံတြျေမန်ပြီး
ပါးတွေပူလာမိပြီ
ဒါပေမယ့်သူက .."မင်းပြောတော့ ငါက မင်းရဲ့အချစ်ဆုံးသူငယ်ချင်းဆို
"အော်..
တစ်ခါတစ်လေ ကျနော့်ခံစားချက်တွေကို
သူ့ကိုသိစေချင်ပေမယ့်လဲ ထုတ်မပြချင်ဘူးကျနော်သူ့အပေါ်ထားတဲ့ခံစားချက်ကြောင့်
ကျနော့်ကိုချစ်လာတာထက်
သူ့နှလုံးသားက ကျနော့်ကို
အလိုအလျောက်ချစ်မိလာတာကိုပိုလိုချင်မိတယ်"ဟယ်သာ ကတစ်နေ့တစ်ခြားပိုလှလာတယ်နော်
ဟယ်သာတဲ့ ကျနော်တို့ အခန်းရှေ့မှာ
သူမ သူငယ်ချင်းတစ်ချို့နဲ့စကားရပ်ပြောနေတဲ့
Aတန်းကchanyeolတစ်ဖက်သတ်ချစ်ရတဲ့
ဟယ်သာ.."သူကမင်းကို အဖက်တောင်မလုပ်တာကို
ဘာလို့များကြိုက်နေတာလဲ?"သူမ ကငါ့ရဲ့ ideal type ကွ
သူမ ရဲ့အညိုရောင်ဆံပင်လေးတွေ
ပြုံးလိုက်ရင် ကွေးသွားတဲ့နှုတ်ခမ်းလေးတွေက
ငါ့ကိုရင်ခုန်စေတယ်ကျနော့်အတွက်က chanyeolရဲ့
အနက်ရောင်ဆံသားတွေ
သူပြုံးတိုင်း ပါးမှာခွက်ဝင်သွားတဲ့ပါးချိုင့်ရယ်
သူ့လက်ကအကြောစိမ်းတွေနဲ့
အပြစ်ပြောစရာမရှိတဲ့သူ့ရဲ့ချောမောမှုကျနော်သူ့ကိုကြည့်ပြီး အသက်ရှုဖို့ရပ်တန့်နေချိန်မှာ
သူကတော့ သူမရဲ့အလှတွေမှာ နစ်မြောနေခဲ့တယ်
![](https://img.wattpad.com/cover/239199810-288-k786374.jpg)