477 55 3
                                    

Unicode

လီမျိုးနွယ်မင်းဆက်ဘုရင်ဟာ သူ့ဖခမည်းတော်နှင့် မတူ ရက်စက်တယ်၊ ယုတ်မာတယ်၊ စာနာမှုကင်းမဲ့တယ်လို့ နာမည်ကျော်ဇော်၏။ ထိုထဲကအတိုင်းပဲ လီဟာတကယ့်ကိုရက်စက်ပြီး ပြတ်သားရဲရင့်လှတယ်။

သွေးနံ့တထောင်းထောင်းထနေတဲ့ စစ်ပွဲထဲသို့ လီဘုရင် တစ်နည်းအားဖြင့် လီဂျဲနိုဟာ မြင်းကိုဒုံးဆိုင်းစီးနင်းပြီး တိုးဝင်လာခဲ့တော့တယ်။ ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ သူ့အကျင့်အတိုင်းပဲ မြင်းကိုတကြမ်းစီးပြီး အားကုန်တိုးဝင်လာခြင်းပင်။ မြင်း၏ကစုန်ကပေါက်ခုန်ပေါက်မှုကြောင့် ဖုန်တွေကလည်းအလူးအလိမ့်ပျံသန်းကုန်ကြ၏။

လေးထောင့်အကွက်စိပ်စိပ်လေးတွေဖြင့် ပုံဖော်ထားသော သံချပ်ကာက ပခုံးပေါ်တွင် တစ်ဖက်တစ်ချက်စီနေရာယူထားကာ ဝမ်းဗိုက်နေရာမှာတော့ သံချပ်ကာနှစ်ထပ်သားဖြင့်ပြုလုပ်ထားသော နဂါးနှစ်ကောင်ဟိန်းဟောက်နေသောပုံကို လှပကြောက်မက်ဖွယ်ကောင်းစွာ ထွင်းထုထားသေးသည်။ ထိုနဂါးနှစ်ကောင်၏ ရန်လိုနေသော မျက်ဝန်းများသည် လီဂျဲနို၏ ခက်ထန်နေသော အကြည့်များကို ပုံဖော်ပေးသည့်အလားအသက်ဝင်လှပေသည်။ လေးပင်ကြီးမားလှသော ထိုသံချပ်ကာဝတ်ရုံတော်သည် ဘုရားမင်းမြတ်အတွက်သာ အထူးပြုလုပ်ထားမှန်းသိသာသည်။

စစ်တိုက်ထွက်ရန်အတွက်မို့ ဘုရင်မင်းမြတ်ဂျဲနိုသည် ဆံလွန်တော်ကို အရင်ပုံမှန်အချိန်များနှင့်မတူ ခပ်မြင့်မြင့်စီးထားသည်။ ရှည်မြောမဲနက်သောဆံနွယ်များကို အပြာရင့်ရောင် ကြိုးလေးဖြင့်စီးထားရင်း မြင်း၏ခုန်ပေါက်မှုကြောင့် ဆံနွယ်တွေကလည်း အလိုက်သင့်ယိမ်းခါနေသည်။

ဖုန်တွေကြားမှာ အလူးအလိမ့်တိုက်ခိုက်နေကြတဲ့ တရုတ်မျိုးနွယ်တွေကို မြင်းပေါ်ကနေမျက်မှောင်ကျုံပြီးကြည့်လိုက်တယ်။ စိတ်ထဲမှာရှိတဲ့ အမုန်းဓာတ်တွေဟာဖုံးဖိလို့မရအောင်ဘဲ မျက်နှာပေါ်မှာအလိုမကျမှုတွေက အထင်းသားပေါ်နေ၏။

ဒီတရုတ်တွေကမ္ဘာပေါ်ရှိမနေသင့်ဘူးဟု စိတ်ထဲတွင်ကြုံးဝါးကာ ဓားအိမ်ထဲကလက်ဆွဲတော်ဓား "ဟော်" ကိုဆွဲထုတ်ရင်းတိုက်ခိုက်ရန် စစ်ပွဲထဲတိုးဝင်လိုက်သည်။ လက်ပြတ်၊ခေါင်းပြတ်၊ ခြေပြတ်သွားသော တရုတ်စစ်သားတွေကိုကြည့်ရင်း ဂျဲနိုကျေကျေနပ်နပ်ပြုံးလိုက်သေး၏။

The Smile You Smiled AtWhere stories live. Discover now