410 54 25
                                    

Unicode

သတိရရခြင်းခံစားမိတာဆိုလို့ လေးပင်နေတဲ့ခန္ဓာကိုယ်ဟာ အခုတော့သက်တောင့်သက်သာရှိနေသလိုလို။ အပူတွေအားလုံးထွက်သွားတာမို့ ရမ်ဂျွန်းလန်းလန်းဆန်းဆန်း ခံစားချက်မျိုးကိုလည်းရ၏။
အခန်းတစ်ခန်းထဲရောက်နေတယ်ဆိုတဲ့ အသိစိတ်ကလည်း အိပ်ယာခင်းနူးနူးညံ့ညံ့ အပေါ် အိပ်​နေရသဖြင့် သိလိုက်ခြင်းပင်။
အခန်းတွင်း အခြေအနေကိုဂရုတစိုက်နားစွင့်မိ၏။ အခန်းထဲမှာတော့ တိတ်ဆိတ်လျက်ပင်။ မျက်လုံးနှစ်လုံးကို မရဲတရဲစဖွင့်လိုက်မိတယ်။

ဦးဆုံးတွေ့လိုက်ရတာက အနီးကပ်ပြူးကြည့်နေသော ကောင်လေးတစ်ယောက်။ မျက်တောင်ပုတ်ခပ်ပုတ်ခပ်နှင့် ရမ်ဂျွန့်ကိုအသေအချာကိုစိုက်ကြည့်နေတာ။

အသားကခပ်ညိုညိုနှင့် ရမ်ဂျွန်းနှင့်ရွယ်တူလောက် မဟုတ်လည်း နည်းနည်းငယ်မည့်ပုံပေါ်သည့်ကောင်လေး။
အစိမ်းနုရောင်တောက်တောက် ပိုးသားအင်္ကျီကိုဝတ်ဆင်ထားပြီး အရေအသွေးကောင်းတဲ့ ပိုးထည်စစ်စစ်ဆိုတာကို ရမ်ဂျွန်ကြည့်ရုံနှင့် ရိပ်မိပါတယ်။

ဆောင်းထားတဲ့ ဦးထုပ်ကိုကြည့်ရုံနှင့်လည်း ဒီကောင်လေးဟာ လူကုံထံမဟုတ်လျှင်တောင် မျိုးရိုးကောင်းထဲကဖြစ်မယ်လို့ ခန့်မှန်းချက်သေချာပေါက်ပေးနိုင်သည်။

ကောင်လေးက ရမ်ဂျွန်း သတိရလာပြီဆိုတာကို​​မြင်တော့ ပြုံးပြလိုက်တယ်။ ရမ်ဂျွန်က ပြန်မပြုံးပြမိဘူး။ ထိုကောင်လေးကပဲ စကားစပြောလိုက်တယ်။

"မင်းက ဟွမ်ရမ်ဂျွန်လား?"

ရမ်ဂျွန်စိတ်ထဲတွေဝေသွားတယ်။ သူအခုရောက်နေတာ လီဂျဲနိုပိုင်နက်မဟုတ်ပေဘူးလား? ရန်သူ့ပိုင်နက်ထဲမှာ သူကဒီလိုလှဲအိပ်နေနိုင်ရလောက်တဲ့အထိ သူနှင့်ဂျဲနိုရဲ့ ဆက်ဆံရေးမကောင်းတာ တနယ်လုံးသိ၊ တတိုင်းပြည်လုံးအသိပဲ။

ရမ်ဂျွန်းပြန်ဖြေမည့်စကားနားထောင်နေဟန်တူသော ကောင်လေးကိုကြည့်ရင်း ရမ်ဂျွန်းမှာ စကား​ပြောဖို့အားယူရသည်။ ခြောက်ကပ်နေတဲ့အာခေါင်ကို တံတွေးတချက် ခက်ခက်ခဲခဲမြိုချရင်း ခဏလောက်ငြိမ်ပြီးမှ

The Smile You Smiled AtWhere stories live. Discover now