01 👼 Hello Hangel

992 66 72
                                    

[Unicode]

နိုးလာတဲ့အချိန် အစိမ်းရောင်မြက်ခင်းပြင်ကျယ်ကြီးမှာ...။

ခေါင်းက လေးလံထိုင်းမှိုင်းနေပြီး အမြင်တွေက ဝါးနေသည်...။

ရှိတဲ့အားနဲ့ အသားကုန်ရုန်းထလိုက်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်...။ အခုချိန်မှာ အာရုံစိုက်နိုင်တာတစ်ခုတည်း..။

"Lee Know hyung.... Lee Know hyung ဘယ်မှာလဲ"

ခုနလေးတင် မြက်ခင်းစိမ်းပေါ်ထိုင်ရင်း အလှဆုံးပြုံးရယ်နေတဲ့ ကောင်လေးက အခုမရှိတော့...။

အမြဲတမ်းအနားမှာရှိနေခဲ့သူက မျက်စိရှေ့က ပျောက်သွားတာနဲ့ စိတ်ပူမှတ်က ထိပ်ဆုံးထိ မြင့်တက်သွားသည်။

ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်ရှာကြည့်တော့ မတွေ့တာနဲ့ အိမ်ကို ပြေးလာခဲ့သည်။

Lee Know နေထိုင်ရာ အခန်းငယ်လေးက တိုက်ငယ်လေးရဲ့ တတိယထပ်မှာရှိတာကြောင့် အပြေးတက်လာရင်း မောဟိုက်နေသည်။

ပုံမှန်ဆို တစ်စက်လေးမှ မပင်ပန်းတတ်တော့ ဒီလိုအသက်လုရှူနေရတဲ့ အခြေအနေနဲ့ နေသားမကျပေမယ့် ထိုကိစ္စနဲ့ပက်သက်ပြီး မေးခွန်းထုတ်နေဖို့ အချိန်မရှိ။

အခုအချိန်မှာ ပျောက်သွားတဲ့ Lee Know hyung လောက် ဘယ်အရာမှ အရေးမကြီးပါ။

Lee Know ရဲ့ အခန်းရှေ့ရောက်တော့ တံခါးဆီကို အရှိန်နဲ့ ပြေးတိုးလိုက်မိတာ ခုနတည်းက မူးဝေနေတဲ့ခေါင်းက ပိုဆိုးသွားသည်။

"Ah!"

နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်လဲကျသွားပြီး ခေါင်းကို လက်ဖြင့်ဖိကာ အော်လိုက်မိသည်။

"ဘယ်သူလဲ..."

အဲ့ဒီအချိန်မှာ အနောက်ဘက်ကလာတဲ့ ရင်းနှီးတဲ့အသံတစ်ခု...။ Lee Know hyung...။

"Lee Know hyung??"

အားကုန်ရုန်းထရင်း Lee Know ဆီကို တဖြည်းဖြည်းလျှောက်သွားလိုက်သည်။

ဒဏ်ရာဒဏ်ချက်တွေက မလိုက်ဖက်စွာ နေရာအပြည့်ယူထားတဲ့ မျက်နှာလှလှလေးကို အတန်ကြာအောင် စိုက်ကြည့်နေတော့ နေရခက်လာတဲ့ Lee Know က မျက်လုံးအိမ်တွေ မတည်မငြိမ်ဖြစ်လာသည်။

Hello Hangel || MinsungWhere stories live. Discover now