- o n e -

162 17 3
                                    


/ unicode /

ဂျောင်းမို မင်ဟီးကိုစတွေ့ခဲ့တာက စိတ်ရောဂါကုဆရာဝန်တစ်ယောက်ရဲ့ဆေးခန်းမှာဖြစ်သည်။ဂျောင်းမိုက  သူ့သူငယ်ချင်းကိုစောင့်ပေးနေတာဖြစ်ပြီး အပြန်မှာလဲ လိုက်ပို့ပေးရဦးမှာပဲဖြစ်သည်။ သူက ပါဝါမျက်မှန်ကိုတပ်လိုက်ပြီး သတင်းစာကစာလုံးသေးသေးလေးတွေကို လှန်လှောကြည့်နေစဉ်မှာပဲ မြင်ကွင်းထဲဝင်လာတာက စာလုံးအကြီးတွေနဲ့ရေးထားသည့် သတင်း။မော်ဒန်နှင့်ခေတ်ပြိုင် အနုပညာပြတိုက်မှာ ပြပွဲအသစ်လုပ်မယ့်သတင်း။ဂျောင်းမို သတင်းအပြည့်အစုံမဖတ်ပေမယ့် သူ့ အကြောင်းအတိုချုပ်ရေးထားတဲ့စာပိုဒ်ဘေးကပုံကြောင့် နည်းနည်းတော့ မျက်ခုံးတွေတွန့်မိသွားသည်။ နေပါဦး ဒီလို ဆိုးဝါးလှတဲ့angle ကနေရိုက်ထားတဲ့ပုံကို သူဘာလို့ သတင်းစာထဲထည့်ဖို့လက်ခံမိတာလဲ?

ဂျောင်းမိုက လက်က လက်ပတ်နာရီကို တစ်ချက်ကြညိ့မိလိုက်သည်။ သူစောင့်နိုင်သည့်အချိန်ထက် ပိုကြာနေပြီဖြစ်လို့ စိတ်မရှည်တော့။ဆေးခန်းတံခါးကပွင့်လာတော့ သူ့သူငယ်ချင်းကိုတွေ့ရမည်အထင်နှင့် မျှော်လင့်ကြီးစွာ ကြည့်မိသော်လဲ ထိုအစား ကောင်လေးတစ်ယောက်ကိုသာတွေ့ရ​၏။ မျက်ဝန်းတွေကနီရဲလျက် ဆံပင်တွေ ရှုပ်ပွကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသေးသည်။ကျန်လက်တစ်ဖက်ကတော့ ရှုပ်ပွနေပြီးသား ဆံပင်တွေကို လက်ဗလာဖြင့် ဖီးသင်ရင်း။သူက ဂျောင်းမိုရှေ့ မျက်နှာချင်းဆိုင်ကထိုင်ခုံမှာပင်ထိုင်ချလိုက်​၏။ သူ့ပုံစံက စိတ်ဝင်စားစရာတစ်ခုခုရှိနေသလိုပင်။ဂျောင်းမို ရံဖန်ရံခါ ခိုးကြည့်မိသည်။ပေါ်တင်တော့ မကြည့်ရဲ။ကောင်လေးက သူ့ဖုန်းကို ထုတ်ကာ ကြည့်နေသည်။မျက်ရည်တွေနှင့်ပေပွနေသော သူ့မျက်နှာကို လက်ဖမိုးနှင့်ခပ်ကြမ်းကြမ်းသုတ်ပစ်ရင်း။ဂျောင်းမိုက စိုးရိမ်တကြီးစောင့်ကြည့်မိနေစဉ်မှာပင် သူ့အကြည့်တွေက ဖုန်းမှန်ပြင်ကနေ ဂျောင်းမိုဆီ ရုတ်ခြည်းရောက်လာ​၏။အကြည့်ချင်းစုံသည်နှင့် ကောင်လေးမျက်နှာက ရှစ်ခေါက်ချိူးလိုက်သလို ရှုံမဲ့သွားပြီး ထိုင်ခုံကနေ ထရပ်လိုက်​၏။ 'ငါဘာလုပ်မိလို့ပါလိမ့်?' ဂျောင်းမိုစိတ်ထဲ အပြစ်ရှိသလိုခံစားသွားရသည်​။ သူ့ကိုတစ်ခုခုပြောတော့မည်ဟု ထင်မိသော်လဲ ကောင်လေးက နေရာမှထပြီး ဆေးခန်းထဲမှ ထွက်သွားခဲ့ပြီဖြစ်သည်။

the exhibitionist / minimoWhere stories live. Discover now