Part-5

11.6K 994 26
                                    

မုန်းစကားဆိုသော်လည်း Ep-5

Zawgyi





   အင်မတန် ဟန်ဆောင်ကောင်းပါသည်ဆိုသည့် ပါးနှင့်မားသည် သူ့ပုံစံပြင်ဆင်ထားမှုနှင့်၊ ရီပေါ့်ပုံစံ အကွာခြားကြီးခြားနားနေတာကို သတိပြုမိသည်နှင့်ဘချက်ချင်းပင် မျက်နှာပျက်သွားကြ၏။

  အံကိုတင်းနေအောင် ကြိတ်ထားသော ပါးမျက်နှာသည် ပန်းသီးနီရဲရဲတစ်လုံးလိုပင် နီးမြန်းလျက်ရှိ၏။ မားမျက်နှာမှာလည်း ဝမ်းနည်းနာကျင်မှုတို့နှင့် နင့်သည်းလျက်ရှိ၏။ လူကြီးမိဘအပေါ် အရိုအသေကင်းမဲ့သလိုဖြစ်နေသော ရီပေါ့်ပုံစံကြောင့် ရှောင်ကျန့်ရဲ့မိဘများအပေါ်၊ ပါးလော့ကွမ်ရော မားရှုဟန်ပါ အားနာနေဟန်ရှိနေကြသည်။ တောင်းပန်သည့် မျက်ဝန်းအကြည့်လေးတွေနှင့် ကြည့်နေကြ၏။ ဖိတ်ကြားထားသော ဧည့်သည်များက ပြဿနာမဖြစ်အောင် ထိန်းချုပ်ကာပြောနေကြသော်လည်း၊ နှစ်ဖက်မိဘများမှာ ရင်းနှီးဖော်ရွေသော အရိပ်လက္ခာကိုတော့ မမြင်ရချေ။

  ရှောင်ကျန့်.....။ ရီပေါ်ဆီ စောင်းငဲ့ကြည့်မိတော့ ချောမောသော ရီပေါ်မျက်နှာမှာ အရောင်တစ်ခု စိုလက်ကာ ဝင်းလက်နေသလိုရှိသည်။ နီထွေးနေသော ရီပေါ် နှုတ်ခမ်းနှစ်လွှာထက်မှာ ကျေနပ်သော အပြုံးလေးတွေနှင့်။

  ရီပေါ်...ခင်ဗျား ဘာဖြစ်နေတာလဲ။

  ခင်ဗျား အရမ်းကိုပဲ ကျေနပ်ပျော်ရွှင်နေတာလား ရီပေါ်။

  မင်းနဲ့သဘောမတူနိုင်ပါဘူးလို့ ကြုံးဝါးခဲ့တဲ့ ပါးလက်ထဲက သားကို အရယူပြနိုင်တယ်ဆိုတဲ့ အနိုင်ရမှုကို မာန်တက်ပြနေတာလား။ တော်ပါတော့ ရီပေါ်ရယ်၊ ပါးက ကျရှုံးနေတဲ့ သူတစ်ယောက်ပါ။ သားဖြစ်သူရဲ့ မိုက်မဲမှုကြောင့် လူကြားထဲမှာ မျက်နှာမပြရဲလောက်အောင်ပဲ ညှိုးငယ်နေရသူပါ။ ဒါကို ရီပေါ် ထပ်ပြီး မော်ကြွားပြမနေပါနဲ့တော့ ရီပေါ်ရယ်။

  ကျွန်တော် တောင်းပန်ပါတယ်။

  ကျွန်တော် တောင်းပန်ပါတယ်ဗျာ။

  ရှောင်ကျန့်တစ်ယောက် မျက်ဝန်းအိမ်လေးထဲမှ ဝေ့သီလာသော မျက်ရည်စများကို ဘယ်သူမှ တွေ့မသွားအောင် ခေါင်းလေးကိုသာ တွင်တွင်ငုံ့ထားမိသည်။ ဝမ်းနည်းစိတ်ကြောင့် တဆတ်ဆတ်တုန်ယင်နေသော နှုတ်ခမ်းသားလေးကို သွားလေးတွေနှင့် ခပ်ဖွဖွဖိကိုက်ကာ၊ တင်းနေအောင်ပင် စေ့ပိတ်ထားလိုက်မိ၏။

မုန်းစကားဆိုသော်လည်း [Completed]Donde viven las historias. Descúbrelo ahora