Zawgyi fonts
My Playboy
Part-2
မိုးလင်းလာတော့မှ Type နိုးလာတယ်။ မနေ့ညက သောက်တာများတော့ ခေါင်းထဲ မူးနောက်နောက် ဖြစ်မိတယ်။ ခေါင်းကိုကိုင်ရင်း ကုန်းထလိုက်တယ်။Type -- အား...ကျွတ်ကျွတ်စ်
ဘယ်အချိန်ရှိပြီမှန်း Type မသိတော့ပါဘူး။ညက သောက်တာ နည်းနည်းများသွားမှန်းတော့ သတိရမိတယ်။ မူးနောက်နောက်အာရုံတွေကို စုစည်းကြည့်မိတော့ မသိတဲ့အခန်းတခုဆီ ရောက်နေတာကို သတိထားမိတယ်။
ငါဘယ်ရောက်နေတာပါ့လိမ့်!!ဆိုပြီး Type တွေးနေမိတယ်။ ကုတင်ပေါ် လှုပ်လှုပ်ရှားရှား ဖြစ်မိတော့ တအင့်အင့်နဲ့ နှိုးလာပြီး အကြောဆန့်နေတဲ့ Tharn ကို မြင်မိသွားတယ်။
Type-- ဟမ်! ကျွန်တော်ဘယ်လိုလုပ် ဒီရောက်နေတာလဲ?
Tharn ကမျက်လုံးပွတ်ရင်း ထထိုင်လိုက်တယ်။
Tharn -- မနေ့က မင်းမှောက်သွားလို့!! ပြီးတော့ ကိုယ်က မင်းနေတဲ့နေရာကိုမှမသိတာ
Type-- ဒါဘယ်နေရာလဲ?
Tharn --ကိုယ့်အိမ်ပါ Type !!Typeက သူအဝတ်အစားတွေ မရှိတာ သတိထားမိတာကို Tharnသိတော့...
Type--မနေ့က.......ကျွန်တော် ဘာတွေဖြစ်ခဲ့တာလဲ?
Tharn ရယ်လိုက်တယ်။ ဘာသဘောနဲ့ မေးချင်တဲ့ ရည်ရွယ်ချက်လဲဆိုတာ သိတော့ Typeကို စနောက်ဖို့ ပြင်လိုက်တယ်။
Tharn --aww... မနေ့ကလား.....
မနေ့က မင်းကိုယ့်ကို အတင်း တိုက်တွန်းတာပဲ... ကိုယ် ငြင်းပါသေးတယ်...ဒါပေမယ့်မင်းက......Tharnကပြောရင်း Typeကို မျက်လုံးလေးလှန်ကြည့်ပြီး စောင်ကို ဆွဲလိမ်ရင်း မူယာမာယာများလိုက်တယ်။ Typeရဲ့ မျက်လုံးတွေ ပြူးသထက် ပြူးကျယ်လာမိတယ်။
Type--ကျွန်တော်က ....ဘယ်လိုမျိုး..တိုက်တွန်းမိလို့လဲ!
Tharn --ဟင်း.....မင်းမမှတ်မိတော့ဘူးလား....
Type မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာ သတိရဖို့ အသဲအသန် စဉ်းစားနေပါတယ်။Type အခက်တွေ့ နေတာကို မြင်တော့ Tharnရယ်ချင်လာမိပြီး ရယ်ချလိုက်တော့တယ်။
Tharn -- ဟဟဟဟဟ!!!😂😂😂 Typeရယ်... မင်းက တကယ်ရယ်ရတာပဲ...! ကြောင်တောင်တောင် ပုံလေးနဲ့ တကယ်ချစ်ဖို့ကောင်းတယ်။ မပူပါနဲ့!!မနေ့က မင်းကို ချွေးသုတ်ပြီး အဝတ်အစားလဲပေးပြီးတော့ ကိုယ်လဲ ပင်ပန်းပြီး မင်းဘေးနားမှာ အိပ်ပျော်သွားတာ။
YOU ARE READING
My Playboy
FanfictionTharn လူတစ်ယောက်နဲ့ အများဆုံး တွဲတာ တစ်လ ဒါမှမဟုတ် ၃ခါလောက် အိပ်ပြီးတာနဲ့ ဇာတ်လမ်းပြီးပြတ်သွားစမြဲပဲ.. ကျောင်းက နှစ်တိုင်းရဲ့ Moonတွေကို ခဏလောက် အပျော်တွဲပြီးလို့ ငြီးငွေ့သွားပြီဆိုတာနဲ့ လမ်းခွဲ အဆက်အသွယ်ဖြတ်ပြီး တယောက်ပြီးတယောက်ကို ထည်လဲ တွဲနေတဲ့...