Unicode font
လူတွေ စုပြုံပြီး အားပေးနေကြတဲ့အသံက ဆူညံနေပါတယ်။ basketball ကွင်းထဲမှာ သူ့ထက်ငါအပြိုင် အားပေးနေသံတွေ ဟိန်းထွက်နေတယ်။ တစ်ဖက်အသင်းက လူသုံးယောက်လောက်ကို အသာလေးထိန်းရင်း ဘောလုံးကို လှလှပပလေး ပစ်သွင်းလိုက်တဲ့ အချိန်မှာ အားလုံးရဲ့ အာရုံက တစ်ယောက်တည်းဆီကိုပဲ... သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို တိတ်ဆိတ်မှုနဲ့ ငြိမ်သက်စောင့်ကြည့်နေကြတယ်။
သွက်လက်လျင်မြန်တဲ့ဟန်နဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကစားကွက်နဲ့ ပစ်သွင်းလိုက်တဲ့ဘောလုံးက လှလှပပလေး ဂိုးဝင်သွားတော့ ဟေးခနဲ ဟိန်းအောင် အားပေးသံ ဆူဝေသွားတဲ့အထိပဲ.... ကျစ်လစ်တဲ့ကိုယ်ဟန်နဲ့ ဖြူလျတဲ့အသားရေမှာ သီးနေတဲ့ ချွေးစက်တွေက သူ့ဟန်ပန်ကို ပိုဆွဲဆောင်ဖို့ကောင်းအောင် ပံ့ပိုး နေသလိုပဲ... မိန်းကလေးတွေအများအပြားရဲ့အားပေးသံကို ကြား ပေမယ့် မမှုသလို ဘောလုံးကို ပြေးကောက်လိုက်တယ်။ အချိန်ကန့်သတ်ထားတာ ပြည့်ပြီမို့ အားလုံး လူစုခွဲပြီး ပြန်ဖို့ ပြင်ကြပြီ.... မောဟိုက်အောင် ဆော့ထားတာမို့လို့ ပွဲပြီးပြီလဲဆိုရော ခြေကုန်လက်ပန်းကျ လှဲချပစ်ချင်တဲ့အထိပဲ....
အာခေါင်တွေခြောက်လှပြီဆိုတော့ အမောပြေ ရေသောက်မှပဲလို့ စဉ်းစားလိုက်ပေမယ့် ဒီနေ့ ရေဘူးဝယ်လာဖို့ မေ့နေတယ်ဆိုတာ သတိရသွားမိတယ်။
သေစမ်း.... မင်းတော့ အာခေါင်ကွဲအောင် ရေငတ်ခံပေတော့လို့ တွေးလိုက်တယ်။ ချွေးသုတ်ဖို့ လက်ကိုင်ပုဝါနဲ့ ရေဘူးလေးတွေ ကိုင်ပြီး သူ့နားမှာ ရစ်သီရစ်သီ လုပ်နေကြတဲ့ မိန်းကလေးတွေကို မြင်ပေမယ့် ဂရုမထားမိအောင် အကြည့်လွှဲထားလိုက်တယ်။
ဝတ်ထားတဲ့အင်္ကျီနဲ့ ချွေးငုံ့သုတ်ရင်း တစ်နေရာကို အကြည့်ရောက်သွားမိတော့....
"Type......"
ကွင်းရဲ့ ထောင့်တစ်နေရာကနေ လှမ်းကြည့်နေတာကို လူတွေ အများကြီးထဲကနေ မြင်လိုက်ရလို့ အံ့ဩတကြီး ဖြစ်မိသွားတယ်။ Typeက သူ့ကိုမြင်သွားတာကို သိတော့ တလှမ်းချင်းစီ အနားကို လျှောက်လာတယ်။ ပြီးတော့ မျက်ခုံးပင့်ရင်း လှမ်းမေးတယ်။
YOU ARE READING
My Playboy
FanfictionTharn လူတစ်ယောက်နဲ့ အများဆုံး တွဲတာ တစ်လ ဒါမှမဟုတ် ၃ခါလောက် အိပ်ပြီးတာနဲ့ ဇာတ်လမ်းပြီးပြတ်သွားစမြဲပဲ.. ကျောင်းက နှစ်တိုင်းရဲ့ Moonတွေကို ခဏလောက် အပျော်တွဲပြီးလို့ ငြီးငွေ့သွားပြီဆိုတာနဲ့ လမ်းခွဲ အဆက်အသွယ်ဖြတ်ပြီး တယောက်ပြီးတယောက်ကို ထည်လဲ တွဲနေတဲ့...