ယင်းမာ 💘💘
ကျွန်တော် အမုန်းဆုံး ကျွန်တော်ကို စာအုပ်ဖတ်ပြီး ရုပ်ရှင်ကြည့်တယ် ❤ ဇာတ်လမ်းမသိခင်တုန်းကတော့ ယင်းမာကို မုန်းစရာလို့ ထင်ခဲ့တာ... ရုပ်ရှင်ရော စာအုပ်ရောမှာ ယင်းမာကို သနားမိတယ်...
စာအုပ်ဖတ်ရတာကို တကယ့်ကို လက်ကမချနိုင်အောင်ပဲ.. စာဖွဲ့ထားတာက အရမ်းကို ယဥ်တယ်.. 'ဥပေက္ခာရွာလေးရဲ့ ဘေးမှာ မေတ္တာစမ်းချောင်းလေးက စီးဆင်းနေမြဲ'ဆိုတာ 💘 ဖတ်ရင်းဖတ်ရင်း ဇာတ်ကောင်တွေက ရင်ထဲရောက်လာတာ...ယင်းမာက ချောတယ် လှတယ် သူဌေးသမီး... ယောက်ျားလေး အရှုပ်အရှင်း ကင်းတယ်... ကျောင်းမှာဆိုလည်း အချောဆုံး.. ကျောင်းသားအများစု ပိုးပန်းကြတယ်.. ကိုစိုးနိုင်ကို အိမ်ထောင်သည်မှန်းသိလို့ ယုံကြည်ရဲတင်းပြီး ခင်တယ် အကာအကွယ် ယူတယ်.... ယောက်ျားလေးတွေနဲ့ မရင်းနှီးခဲ့တဲ့ ယင်းမာက ကိုစိုးနိုင်နဲ့ ရင်းနှီးလာပြီး စိတ်ယိုင်မိတယ်... (လူ့ကျင့်ဝတ်အရ မဖြစ်သင့်ပေမဲ့..)
ယင်းမာ မှားမှန်းသိတယ်... (ယင်းမာကို မုန်းရမဲ့အစား သနားစေတဲ့ထိ ကလောင်သွား ထက်တာ 💘)ရုပ်ရှင်ထဲက ယင်းမာ
လှတယ်.. စာအုပ်ထဲက ယင်းမာဇာတ်ကောင်နဲ့ ကွက်တိပဲ.. တကားလုံး မြန်မာဝတ်စုံလေးတွေဝတ်ပြီး ဆံပင်စည်းတာ ကလစ်ပန်တာ စကားပြောတာလေးတွေက အစ ယဥ်လွန်းလို့ သဘောကျနေရော... (ယင်းမာကိုကြည့်ပြီး ကျောင်းပြန်တတ်ချင်စိတ်တောင် ပေါက်တယ် 😍😍)
အကြိုက်ဆုံးက ကိုစိုးနိုင်က ရှောင်ဖယ်နေရာက ကျောက်စာကူးတဲ့နေရာကို လာစောင့်ပြီး ဖက်လိုက်တာ.. (အဲ့အခန်းက စာအုပ်ရော ရုပ်ရှင်ရော အရမ်းသဘောကျတယ်) ❣စာအုပ်ထဲမှာက စာမေးပွဲနောက်ဆုံးနေ့မှ ရန်ကုန်ကို ထွက်ပြေးပြီး ကိုယ်ဝန်ရတာ... ရုပ်ရှင်ထဲမှာတော့ ကိုစိုးနိုင်နဲ့ လျှောက်လည်လို့ မိုးမိတယ် အဆောင်ပြန်မရလို့ ဟိုတယ်တည်းလိုက်ရတယ်.. ယင်းမာကိုယ်ဝန်ရှိသွားလို့ မတတ်သာလို့ ယူလိုက်ရသလို ခံစားလိုက်ရတယ်.. (ကိုယ့်ခံစားချက်အရတော့ ယင်းမာက အဲ့လောက်လွယ်တဲ့ မိန်းကလေး မဟုတ်ဘူးလို့ ထင်တယ်) တကယ်က ချစ်မိသွားလို့ ထွက်ပြေးကြ မှားမှန်းသိရက် ရှေ့ဆတ်တိုးကြတာကြီး 💔💔
အမုန်းဆုံးက ကိုစိုးနိုင်ပဲ...မတည်ငြိမ်တဲ့ ၁၀တန်းမှာ မိန်းမ မခိုးသင့်ဘူး.. ပြောင်းလဲသွားနိုင်တာထပ် သေချာပေါက်ပြောင်းလဲ သွားလို့ ဖောက်ပြန်တာ.. မအေးဖြူက သိပ်သနားဖို့ကောင်း.. ယောက်ျားကို ဘာမဆို ပံ့ပိုးပေးတာ... အနေဝေးရင် ဘယ်လောက်အေးအေး လွှတ်မထားသင့်ဘူးဆိုတာ စာအုပ်ဖတ်ပြီး သိလိုက်ရတာပဲ.... မိသားစုရယ်လို့ ဖြစ်လာရင် သစ္စာရှိရမယ် စည်းစောင့်ရမယ်.. မဖြစ်သင့်တဲ့ သဘောသဘာဝပဲ 💛
ဆရာကြီး လယ်တွင်းသားစောချစ် စာအုပ်တွေမှာ ကျွန်တော် အမုန်းဆုံး ကျွန်တော်ကို ပထမဆုံး ဖတ်ဖူးတာ... အရမ်းကြိုက်လွန်းလို့ နောက်စာအုပ်တွေ ထပ်ဖတ်မယ်.. နောက်ထပ်ဖတ်ဖို့ ရွေးထားတာက
"မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန''
YOU ARE READING
နှစ်သက်မိသော စာစုများ
Non-Fictionစာအုပ်ဖတ်ရင်း သဘောကျမိတဲ့ စာစုလေးတွေနဲ့ စာအုပ်ဖတ်ရင်း ဖြစ်ပေါ်လာတဲ့ ခံစားချက် အတွေးအမြင်တချို့ 📖📚💙