9

0 0 0
                                    


ဘဝမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်..

အဲ့ဒီ အများကြီး ထဲကမှ ကိုယ်နဲ့ လေပေးအဖြောင့်ဆုံး၊ အခင်ဆုံး ဆိုတာ ပေါ်လာရတာလေ .....

နောက်တစ်ခါ ကိုယ့်ဆီက လိုချင်တာ ရနေတုန်းသား ကိုယ့်အပေါ် ရွမ်းရွမ်းဝေနေပေမဲ့ ကိုယ်က သူတို့လိုချင်တာ မပေးနိုင်တဲ့အခါ ရှောင်ပြေးသွားလို့ ကျောချမှဓားပြမှန်း သိရတဲ့ သူငယ်ချင်းဆိုတာတွေလည်း အများကြီး ရှိတယ်  ...

အလားတူပဲ...

အစကတော့ သူ့ဟာနဲ့သူ ဘာသိဘာသာနေတယ်..

ကိုယ့်အပေါ်မှာ သိပ်မလှိုက်လှဲသလိုနေတယ်....

ဒါပေမဲ့ အရေးရယ်အကြောင်းရယ်ကြတော့မှ ကိုယ့်ကို ကိုယ်ရော စိတ်ပါ ကူညီပေးတတ်တဲ့ သူငယ်ချင်းမျိုးတွေလည်း ရှိတာပဲ....

'လူ့အကြောင်း ပေါင်းမှသိ'ဆိုတဲ့ အိုနေဆွေးနေတဲ့ စကားကြီးက သွေးထွက်အောင် မှန်တယ် .......

လူဆိုတာဟာ တကယ်ရင်းရင်းနှီးနှီး အချိန်ယူပေါင်းကြည့်တော့မှ
စိတ်ရင်းအမှန်ကို သိလာရတတ်တာမျိုးကလား.....

အတ္တကျော်

You've reached the end of published parts.

⏰ Last updated: Aug 25 ⏰

Add this story to your Library to get notified about new parts!

နှစ်သက်မိသော စာစုများWhere stories live. Discover now