(( 20 ))

7K 698 35
                                    

Unicode

Flashback ~

Jungkookရဲ့Appaနှင့်Mommyတို့ Jungkookနှစ်နှစ်သားမှာကွာရှင်းခဲ့ကြသည်။Jungkook Ommaတို့ဘက်ကဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကြီးကြသည်မလို့Jungkookငယ်ငယ်ကတည်းMommy နှင့်သာနေခဲ့ရသည်။ Americaပဲမွေး Americaပဲကြီးရသည်မလို့ ကွာရှင်းပြီးသည်နှင့်ကိုးရီးယားကိုပြန်သွားသည့်Appaနောက်သို့ Jungkookလိုက်ချင်ခဲ့ပါသည်။

Jungkookဆန္ဒတွေပြည့်ဝခဲ့သည်။ Jungkookငါးနှစ်ပြည့်မွေးနေ့မှာပင် Appaကကလေးအုပ်ထိန်းခွင့်ဖြင့်Jungkookကိုကိုးရီးယားသို့ပြန်ခေါ်ခဲ့သည်။ အလုပ်ကိုသာဘဝမှတ်ပြီး သားကိုအချိန်မပေးနိုင်သည့် MommyကိုJungkookမခင်တွယ်ခဲ့ပါ။ တစ်ချက်မနှုတ်ဆက်ပဲ ဖခင်နောက်သို့လိုက်နိုင်ခဲ့သည်။

အထီးကျန်နေသည့်Jungkookဘဝလေးသည် ကိုးရီးယားရောက်မှနွေးထွေးသည့်မိသားစုရိပ်မြုံကိုခံစားခဲ့ရသည်။ Appaရဲ့ငယ်ချစ်ဦးဖြစ်သည့် နောက်အိမ်ထောင်မိထွေးကိုလည်း သူ့အမေရင်းလိုသိပ်ချစ်ခဲ့ပါသည်။ မိထွေးကိုOmmaလို့ပင်ခေါ်နိုင်ခဲ့တဲ့အထိ Ommaကလည်းသားအရင်းလိုသူ့ကိုသိပ်ချစ်ပေးခဲ့သည်။

ထို့နောက်ပိုင်း သူထပ်သိလိုက်ရသည်က Ommaဗိုက်ထဲတွင်Jungkookအတွက်အငယ်လေးရှိနေခဲ့သည်။ သိပ်မကြာသည့်လများအတွင်းမှာပဲ Jiminဆိုသည့်ညီသေးသေးလေး Jungkookဘဝထဲရောက်ရှိလာခဲ့သည်။ ထိုနေ့က Jungkookဘဝရဲ့အပျော်ဆုံးနေ့ဖြစ်ခဲ့ရသည်။

Appaရယ်မိမိရယ်နဲ့မတူပဲ ခြေချောင်းလက်ချောင်းတိုတိုသေးသေးလေးတွေနဲ့ညီသေးသေးလေးကို Jungkookတစ်ယောက်မထိရက်မကိုင်ရက်ချစ်မဝဖြစ်ခဲ့ရသည်မလို့ Appaနှင့်Ommaတို့လည်းသဘောကျစွာရယ်မောခဲ့ကြသေးသည်။ ငယ်ငယ်တည်းက ထိုညီပေါက်စလေးကသူ့အစ်ကိုကိုသိပ်အနိုင်ယူပါသည်။

အရွယ်နည်းနည်းရောက်လာချိန်တွင် Jungkookဆံပင်တွေဆွဲကာဆော့တတ်သည်။ Jungkookရဲ့လက်ချောင်းလေးတွေကိုကိုက်တတ်သည်။ Jungkookပေါ်သို့တက်ခုန်ကာဆော့တတ်သည်။ ထိုအခါတိုင်းလည်း JungkookမှာJiminလေးငိုမှာစိုး၍ အပြစ်မမြင်ရက် တွန်းမဖယ်ထုတ်ဖြစ်ခဲ့။ Jiminieပျော်နေလျှင် သူလည်းပျော်ရသည်မလို့ ညီလေးသည်သာတစ်ကမ္ဘာဖြစ်ခဲ့သည်။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now