တိုက်ဆိုင်မှု

1.3K 116 8
                                    

ထိုကလေးနဲ့ တွေ့ဆုံပြီးထဲက နောက်ရက်တွေဆက်တိုက်ဆိုသလို အဲ့ဒီအအေးနန်းဆောင်မှာ ညနေတိုင်းလိုလို ဆော့ဖြစ်ခဲ့ပါသည်။မိမိမှာ တစ်ယောက်ထဲအထီးကျန်သလို သူလေးကလဲ အဖော်မဲ့နေသူဖြစ်ပေလိမ့်မည်။နည်းအမျိုးမျိုးဖြင့်ဆော့ကြသည် တစ်ခါတစ်ရံထူးဆန်းစွာ Bo လေးက တန်ဖိုးကြီးရတနာတွေယူလာပြီး သူ့ကိုပေးလေ့ရှိပါသည် အကြောင်းကတော့ သူ့နဲ့အမြဲအတူရှိဖို့တဲ့လေ....တစ်နေ့ စစနောက်နောက်နဲ့ လက်ထပ်ထားတဲ့စုံတွဲတွေမှ မခွဲမခွာနေလို့ရတာ ပြောတော့ သူလေးက ကျတော့ကို လက်ထပ်မယ်တဲ့လေ.....ကလေးစကား ကြောင့် ထူးထူးဆန်းဆန်း ခံစားရပါသည်။ သိုသော် စိတ်ထဲမထားပါ ယောင်္ကျားကလေးတစ်ယောက်က မသိနားမလည်လို့ပြောတာပဲ ကျတော် လိုက်မခံစားချင်ပါပေ။သိုသော် တစ်နည်းနည်းနဲ့တော့ လန့်ပါသည် Bo Boလေးက ပြောတဲ့အတိုင်း လုပ်တတ် လုပ်နိုင်တဲ့ လူစားမှန်း ခုရက်ပိုင်းလောက်နှင့် နားလည်လိုက်လို့ ဖြစ်ပေသည်။

           သူလေးအကြောင်းတွေးရင်း မိုးလင်းနေတာ မထမိလို့ အဆူခံလိုက်ရပါ‌သေးသည်။"တော်တော် လျှာရှည်တဲ့ ဦးလေးယန်ချိုး "....

" ပွစိ ပွစိ ဘာတွေပြောနေတာလဲ မြန်မြန်လာလေ ဒီနေ့ မင်းကြီးနဲ့ တွေ့ပြီး နှုတ်ဆတ်ရမှာ မြန်မြန်လာပါ "....

ကျတော်တကယ် နန်းတွင်းရဲ့ တင်းကြပ်မှုတွေကို မုန်းပါသည် ခုလဲ အမတ်တွေကိုယ်စီက ‌ခေါင်းငုံ အရိုအသေပေးနေကြပေသည်။သို့သော် မျက်လုံးများကတော့ အကဲစမ်း‌နေ သလိုလို လှောင်သလို မခန့်သလို ကြည့်နေကြမှန် ကျတော်မကြည့်လဲ သိပါသည်။

ကျတော်စိတ်တင်းကြပ်မှုတွေ ခံစားနေရသလို တစ်ဖက်ကလဲ တမျိုးတစ်မည် ကြည်နူးနေသလို ဖြစ်နေပါသည် ဘာလို့လဲကျတော်မတွေးတတ်ပါ ဘုရင်အသစ်ကလေးကို တွေ့ချင်လို့ လာခဲ့ပြီးတွေ့ရတော့မည့်အတွက် ပျော်နေတာလဲ ဖြစ်နိုင်ပါသည်။

"" အရှင် မင်းကြီးကို  ကျတော် ရှောင်းတိုင်းပြည် မင်သား ရှောင်းရှောင်ကျန့် ဂါရ၀ ပြုပါသည် ....ထီးနန်းရရှိသည့်အတွက် ရှောင်းတိုင်းပြည်မှဂုဏ်ပြု လက်ဆောင်ပဏ္ဌာများလဲ ဆက်သလိုပါသည် အရှင် ""

ကြင်ယာတော် ရှောင်းWhere stories live. Discover now