သူ၏ဘ၀အစ

6.6K 177 17
                                    

နေ့တစ်နေ့၏နံနက်ခင်း ‌နွေးထွေးသော နေရောင်ခြည်က ရှောင်းနန်းတော်ပေါ်သို့ဖြာကြလျက်ရှိနေသည်။ ညလယ်တွင် မိုးရွာထားသောကြောင့် နန်းတော်အမိုးများ‌ပေါ်တွင် သီးနေသော မိုးရေဥလေးများကို သေချာကြည့်လျှင်မြင်ရပါလိမ့်မည်။ ‌မြေသင်းနံ့မိုးနံ့တို့ဖြင့်ပြည့်စုံလှပနေသော နံနက်ခင်းအချိန်တွင် မအေးချမ်းနိုင်သော စိတ်အစုံဖြင့် နန်းဆောင်တစ်ခုရှေ့၀ယ် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော လူရွယ်တစ်ဦးရှိနေသည်။အနီးအနားရံရွေတော်များမှာလဲ ကိုယ်စီတောင်ပြေးမြောက်ပြေးဖြင့် အလုပ်ရှုပ်နေကြရှာသည်။ထိုနန်းဆောင်ကား ရှောင်းမိဖုရား၏ နန်းဆောင်သာဖြစ်ပေတော့သည်။

နတ်နန်းတွင်လဲ သိသာသော ပြောင်းလဲမှု နမိတ်လက္ခဏာများထွက်ပေါ်လာသည့် အတွက် ဘာသာရေးပွဲလမ်းမှအပအမြဲတစေ အားလပ်နေသော နတ်ဆရာကြီးမှာပင် အတော် အလုပ်ရှုပ်နေရတော့သည်။နတ်နန်းဆောင်မှ နတ်သူငယ်လေးများပင် အတော်ပင်ပန်းနေပြီဖြစ်သည် သုံးရက်တိုင်တိုင်နေ့မအိပ်ညမအိပ် အနားမနေ ရှေးဟောင်းစာပေများ ဟောစာတမ်းများကို ဖတ်ရှုနေသော နတ်နန်းသခင်ကြောင့်ပင်ဖြစ်တော့သည်။သို့သော်မည်သူမှ ခိုကပ်နေခြင်းမရှိပေ သူတို့တစ်ဦးစီတိုင်းစိတ်တွင် သိရှိထား၍ ပင်ပန်းသော်လဲ မိမိတို့တတ်နိုင်သမျှ အစွမ်းကုန်အားဖြည့်ကူညီပေးလျက်ရှိပေသည်။

တစ်ဖက်တွင်မူ နန်းဆောင်အတွင်းမှ ကတိုက်ကရိုက် ထွက်လာသော သမားတေယ်ချုပ်ကြီးကို ထိုစိုးရိမ်ပုပန်နေသော လူရွယ်က
'' မိဖုရားကြီး ဘယ်လိုနေသေးလဲ သမားတော်ကြီး.....ဖွားမြင်တော်မူပြီးလား"

"အရှင် ....ကျတော်မျိုး အစွမ်းကုန်ကြိုးစားနေပါတယ် ထူးခြားချက်မှာ မိဖုရားသည် မွေးချိန်တန်သော်လဲ နန်းသွေးလေးမှာ ပြင်ပလောကသို့မထွက်ချင်သလို ဖြစ်နေ၍သာ သုံးရက်တိုင်တိုင်တိုင် ထူးခြားမှုမရှိခြင်းဖြစ်မယ်လို့ထင်ရပါတယ် အရှင် သို့သော် မိဖုရား၏ကျန်မာရေးမှာ စိုးရိမ်ဖွယ်ရှိ အလုံးစုံကောင်းပါတယ် အရှင် "

မှန်ပါသည် ထိုလူရွယ်ကား ရှောင်းတိုင်းပြည်ရဲ့ ဘုရင် ရှောင်းချန်ချင်း ဖြစ်ပေသည်။ထူထဲသောမျက်ခုံး နက်မှောင်သောမျက်စံတို့နှင့် ညိုကျင့်ကျင့်အသားအ‌ရောင်ရှိကာ ယောင်္ကျားပီသသော ကိုယ်ခန္ဓာရှိ၍ စစ်နတ်ဘုရားတစ်ပါးကဲ့သိုပင်ဖြစ်ပေသည်။

ကြင်ယာတော် ရှောင်းWhere stories live. Discover now