Unicode
နေရောင်အောက် တရိပ်ရိပ်လွင့်နေတဲ့ အစိမ်းရောင် ဆံနွယ်တွေ ၊
အနည်းငယ် မြူးရိပ်သန်းနေတဲ့ လခြမ်းကွေးကဲ့သို့မျက်ဝန်းအိမ်ငယ်က အနီရောင်မျက်ဆံတစ်စုံ ၊
ထို့နောက် သေစေနိုင်လောက်အောင် အန္တရာယ်များတဲ့ အပြုံး ။
သွားဖြူဖြူတန်းလေးတွေပေါ်သည်အထိ ခေါင်းကိုမော့လို့ရယ်နေတဲ့ အခါ လည်တိုင်ကျော့ကျော့မှာ ထိုးထွက်နေတဲ့ Adam apple လေး က အပေါ်တက်သွားလိုက် အောက်ကိုနိမ့်ဆင်းသွားလိုက်နဲ့ ရူးသွားစေနိုင်လောက်အောင်လှနေသည် ။
ဘယ်ဘက်လက် တစ်ဖက်ကို မြှောက်လိုက်တဲ့ အခါ နေရောင်အောက် ခညောင်းလာတဲ့ လက်တံဖြူဖြူတစ်လျှောက် သွယ်တန်းနေတဲ့ သွေးကြောစိမ်းစိမ်းလေးတွေ ပြေးနေတာများ ရင်သပ်ရှုမောဖွယ်ရာ ။
သို့သော် ထိုဘယ်ဘက် လက်ကောက်ဝတ်မှာတော့ ပေါ်လာတဲ့ ကန့်လန့်ဖြတ်ရာ အမာရွတ် တွေကတော့ မလိုက်ဖက်စွာ အကျည်းတန်လွန်းလှပေသည် ။
lighter ကိုင်ထားတဲ့ ညာဘက်လက်က စီးကရက် တိုကို လှေကားပေါ်ပစ်ချ လိုက်ပြီး ညီညီညာညာလှုပ်ရှားနေတဲ့ ရှူးဖိနပ်ချွန်ချွန် တွေ နဲ့ ချနင်းလိုက်တယ် ။
လွတ်လပ်စွာလှုပ်ရှားနေတဲ့ ကိုယ်ငယ်လေး က မျက်ဝန်းတွေကို စူးလာစေတဲ့ နေရောင် ကို ဘယ်ဘက်လက်နဲ့ ပဲ ပိတ်ကာပစ်လိုက်တယ် ။
ထိုလက်နဲ့ပဲ wave လုပ်လို့ ခန္ဓာကိုယ် ကို တစ်ပတ်လည်ပစ်တဲ့ အခါ ပွယောင်းပြီး လိုက်ပါသွားတဲ့ အစိမ်းရောင်ဆံနွယ်တွေ မှာ ကပ်ညှိနေတဲ့ ချွေးစက်လေးတွေကအစ မြတ်နိုးဖို့ကောင်းလှသည် ။
မြူးကြွနေတဲ့ ကကွက်တွေအဆုံး ကြေကွဲရိပ်သန်းနေသည့် ရယ်သံခပ်တိုးတိုးလေးက ပတ်ဝန်းကျင်ကိုလှုပ်ခတ်လေသည် ။
ထို့နောက် ထိုကောင်လေးရှေ့ရပ်လာတဲ့ လည်သာရှူးဖိနပ်တစ်စုံ ။
ကောင်လေးက သူ့လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်ပြီး လှေကားထစ်တွေအပေါ်ကျရောက်နေတဲ့ ခပ်ရှည်ရှည် အရိပ်လေးကို ဆွေးဆွေးမြည့်မြည့်ငြိမ်သက်စွာကြည့်နေတယ် ။

KAMU SEDANG MEMBACA
J O K E R ( one shot )
Fiksi PenggemarGreen Hair, Red Eyes, and the Deadly Smile Title - JOKER ( own creation _ Yizhan ) Starting Date - Sep 8 th, 2020 Writer - Inoue_Kkumiko simple one-shot