T S P(Ch-16)

9.1K 977 31
                                    

{ Unicode }

"ဒါဘယ်လိုဖြစ်တာလဲ..."

product နဲ့ပတ်သတ်ပြီးလာတင်ပြခိုင်းတာကို မြေကွက်နေရာတွေလာပေးနေလို့
ရှောင်းကျန့် ဆီဖိုင်ကိုပြန်ထိုးပေးလိုက်သည်။

"ဘာဖြစ်လို့လဲ Boss"

"အာ...မှားပြီးယူလာတာပဲ...တောင်းပန်ပါတယ် Boss..."

သူ့ဟာသူမှားမှန်းသိတော့မှ ခေါင်းငုံ့ပြီးတောင်းပန်လေတယ်။ ရှောင်းကျန့် ကသူ့ကိုရိုသေလွန်းနေတယ်။ရိုသေနေတာကိုလည်း သူ့မျက်လုံးထဲရွဲ့နေသလိုပဲ။

အခုလည်းကြည့် ၊ ခေါင်းကိုငုံ့ထားပြီး
ဝမ်ရိပေါ် ဘက်ကဘာမှမပြောခင်အထိ ခေါင်းမော့ဖို့အစီစဉ်ရှိပုံမရဘူး။

"ရှောင်းကျန့်! "

"ဟုတ်"

"ကျစ်...အဲ့လိုပြန်မထူးနဲ့လေ..ရှောင်းကျန့် ငါ့ကိုကြည့်ဦး"

အဲ့တော့မှရှောင်းကျန့် ကခေါင်းမော့လာတယ်။

"မင်းဘာလို့ငါ့ကိုအရမ်းရိုသေနေတာလဲ...
ငါကြားနေရတာ အဆင်မပြေဘူး...ပြီးတော့
တွေ့တိုင်းဘာလို့ပြုံးပြုံးပြနေရတာလဲ"

"ကျွန်တော်က...."

"ရှောင်းကျန့် ရိုရိုသေသေပြောမနေနဲ့...ငါကြားရတာအဆင်မပြေဘူးလို့.."

ရှောင်းကျန့် က ဝမ်ရိပေါ်ရဲ့စကားကိုဂရုမစိုက်ပဲသူပြောချင်တာကိုပြောတယ်။

"Boss ဝမ် အဆင်မပြေလည်းမတတ်နိုင်ဘူး..ကျွန်တော့်ရဲ့အလုပ်ရှင်ကို ကျွန်တော် ကတော့ လေးလေးစားစားဆက်ဆံမှာပဲ ..ပြုံးပြတယ်ဆိုတာကလည်း အထက်လူကြီးဖြစ်နေလို့ပါပဲ..တခြားဘာအကြောင်းရင်းမှမရှိပါဘူး..ကျွန်တော်ကပုံမှန်ပါပဲ"

အေးအေးဆေးဆေးသာပြန်ဖြေတဲ့ ရှောင်းကျန့် ရဲ့စကားတွေကလည်း မှန်ကန်နေပြန်ရော ။ ဝမ်ရိပေါ် ခနလောက်ငြိမ်သက်သွားပြီးနောက်မှ ရှောင်းကျန့် ကိုလက်ခါပြကာ ထွက်သွားခိုင်းလိုက်သည်။

ဟုတ်တယ်..ရှောင်းကျန့်ကပုံမှန်ပဲ။
သူကသာဘာတွေဖြစ်နေမှန်းမသိတာ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရိဖေး အခု Company ကိုရောက်နေတယ်။
ဝမ်ရိပေါ် ကိုလာတွေ့တာ ၊ Company canteen မှာထိုင်နေတဲ့ ရှောင်းကျန့် ကိုတွေ့တော့ သေသေချာချာကြည့်လိုက်သေးတယ်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now