T S P(Ch-26)

8.5K 918 29
                                    

{ Unicode }

ခပ်ရိပ်ရိပ်ထိုးနေတဲ့နေရောင်အစက်အပြောက်တွေကြား လှဲလျောင်းနေမိတယ်။

"ရိပေါ် မားမားထမင်းပြင်ထားပြီးပြီ"

သစ်လုံးအိမ်ငယ်လေးထဲကနေ လှမ်းခေါ်တဲ့မားမားကို တိုးတိုးနေဖို့အချက်ပြလိုက်တော့
မားမားကပြုံးလေတယ်။အတိတ် ၊ ပစ္စုပ္ပာန် ၊ အနာဂတ် အရာအားလုံးကိုမေ့ပြီး ခနလောက်မှေးစက်ချင်တယ် ။သူတစ်ယောက်တည်းတော့မဟုတ်ဘူး ။သူ့ပုခုံးကိုမှီကာ သူ့ရင်ခွင်ထဲ ခန္ဓာကိုယ်ကိုတိုးဝင်လို့ အိပ်စက်နေသူလည်းရှိတယ်။

တစ်ခုသောညက ရင်ခွင်ထဲတိုးဝင်လာခဲ့သူကို
တွန်းထုတ်ခဲ့ဖူးတယ်။အဲ့တုန်းကသူဝမ်းနည်းသွားမယ်ထင်တယ်။မင်းဘက်ကအေးစက်ခဲ့ရင်တောင် ၊ ဖောက်ပြားခဲ့ရင်တောင် အဲ့ဒါတွေက ငါ့ဆီကနေအရင်းခံတာဖြစ်ဖို့များတယ် ။ငါကိုယ်တိုင်ကသွေးအေးသွားခဲ့မှတော့ မင်းလည်းပြောင်းလဲသွားတာ မထူးဆန်းပါဘူးလေ...။အဲ့အချိန်တုန်းက ဘာစိတ်တွေပေါက်ခဲ့သလဲမသိတော့ပါဘူး ။

အခုချိန်မှာပြန်ပြင်ဆင်ခွင့်လေးရရင်တော့
တိုးဝင်မလာခဲ့ရင်တောင် ဆွဲဖက်ထားဖို့စဥ်းစားထားတယ်။မင်းဘက်ကအော်မထုတ်မချင်းပေါ့..။ရင်ခွင်ထဲထည့်ဖွက်ထားမယ်..။
မင်းအဆင်ပြေမှာလား။

အတွေးများနေတုန်း မားမားကသူ့ရှေ့ကိုရောက်လာတယ်။

"ရိပေါ် အချိန်လင့်နေပြီ...ပြန်တော့လေ"တဲ့။

ဝမ်ရိပေါ် ရဲ့နွေးထွေးတဲ့အိပ်မက်ငယ်ကို
အေးစက်စက်လေအေးကြမ်းတစ်ချက်က ဆွဲလှုပ်နှိုးသွားတယ် ။ဆတ်ခနဲမျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ ကောင်းကင်ပြာကြီးနဲ့ ပနံသင့်စွာ တည်ရှိနေတဲ့ သဲသောင်ဖွေးဖွေးရယ် ၊ ပင်လယ်ပြင်ကြီးရယ်ကစီးကြိုတယ်။သူခုံတန်းလေးပေါ်မှာအိပ်ပျော်သွားခဲ့တာပဲ။
ရင်ဘတ်ထဲမှာအခုထိတောင် နွေးထွေးမှုကိုခံစားနေရတဲ့အိပ်မက်ငယ်လေးတစ်ခုထဲမှာ
မားမားကိုတွေ့ခဲ့ရတယ် ။ မားမားပျော်ရွှင်နေပုံပဲ ။

"မားမား...ကျွန်တော်သူ့ဆီကိုပြန်သွားတော့မယ်...သူလက်ခံလာအောင် ကူညီပေးဦးနော်"

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now