Part 5

279 33 15
                                    

နေ့လည်ကရှောင်ကျန့်တစ်ယောက်စာကြည့်တိုက်သွားမယ်ဆိုပြီး ပြန်မလာတော့ဘူး မိုးတွေကလဲရွာနေသေးတယ် သူထီးပါသွားလားမသိဘူး
မဖြစ်သေးပါဘူး သွားကြည့်မှ

at library

စာကြည့်တိုက်ရဲ့နေရာအစုံကိုလိုက်ရှာခဲ့ပေမယ့် ရှောင်ကျန့်ကိုမတွေ့ခဲ့
မဖြစ်တော့ဘူးသူဖုန်းဆက်ကြည့်ရတော့မယ်လေ

"ရှောင်ကျန့်မင်းအခုဘယ်မှာလဲ"
"ငါbus carမှတ်တိုင်မှာပါ"
"မင်းထီးပါသွားလာ"
"ဟင်အင့် ရတယ်ငါbusစီးပြီးအိမ်ပဲပြန်လိုက်တော့မယ် အဲ့အချိန်ဆိုမိုးတိတ်လောက်ပါပြီ"
"မင်းတစ်ကယ်အဆင်ပြေတယ်နော် အဲ့ဒါဆိုငါမလာတော့ဘူး"
"အင်းပါ ကျေးဇူးပဲ"
"မလိုပါဘူး သူငယ်ချင်းတွေပဲကို"
"ဒါပဲနော်"
တီ.

ကျွန်တော်ပြုံးမိသွားတယ်တစ်နေ့လုံးနာကျင်ခဲ့သမျှသူ့ရဲ့ဖုန်းcallလေးကြောင့် ပြုံးမိသွားပြီ
ကျေးဇူးပါငါ့ကိုသတိတရရှိပေးလို့
ရိပေါ်မင်းငါ့အပေါ်ဒီလိုလေးပဲဆက်ဆံပေးပါ ငါ့ဒီထက်ပိုပြီးမမျှော်လင့်တော့ပါဘူး
ဒီအတိုင်းလေးပဲ နေပျော်ပါတယ်
မင်းဘက်ကငါ့ကိုဒီထက်ပိုကောင်းပေးနေရင်တော့ငါမင်းကိုလက်လွှတ်နိုင်တော့မှာမဟုတ်ဘူး
အဲ့တာကြောင့်ငါ့အပေါ် ဒီလောက်ပဲကောင်းပေးပါ
မင်းဘက်ကမျှော်လင့်ချက်ပေးတာမဟုတ်ပေမယ့် ငါဘက်ကသာအတွေးလွန်နေမိလို့ပါ...

ရှောင်ကျန့်ကသူများတွေအမြင်မှာအေးတိအေးစက်နိုင်ပေမယ့် ကျွန်တော့်အပေါ်တော့သူငယ်ချင်းကောင်းတစ်ယောက်ပါ အကောင်းဆုံးသူငယ်ချင်းပေါ့
ကျွန်တော်အပေါ်သူကောင်းပေးတာတွေနဲ့ကျွန်တော်သူ့အပေါ်ကောင်းပေးခဲ့တာတွေယှဉ်ကြည့်ရင်တောင် သူ့ဘက်ကအသာဆုံးတွေပါပဲ
ဟုတ်ပါတယ် သူကကျွန်တော့်အပေါ်အကောင်းဆုံးတွေကိုပဲဖန်တီးပေးခဲ့တာ
အဲ့လိုသူငယ်ချင်းလေးက အခုတလောမျက်နှာမကောင်းတာတော့ကျွန်တော်စိတ်ပူနေမိသည်
အမှန်အတိုင်းပြောရရင်သူကျွန်တော်မဟုတ်တဲ့တစ်ခြားတစ်ယောက်ကိုကျွန်တော့်ထက်ပိုခင်တွယ်မိသွားမှာတော့ကြောက်မိသား ရှောင်ကျန့်မင်းငါ့ကိုပေးထားတဲ့ကတိကိုတည်မယ်မလာ့
ငါ့ရဲ့သူငယ်ချင်းလေးကိုဘယ်သူ့ကိုမှမပေးလိုက်နိုင်ဘူး ရှောင်ကျန့်မင်းကိုငါဒီနေ့ကစပြီးအရင်ကဂရုမစိုက်ခဲ့တာတွေကိုမေ့ပြီး ကောင်းပေးတော့မှာမလို့မင်းငါ့ကိုထားမသွားပါနဲ့
မင်းကိုသာငါအချိန်ပေးပြီးငါစောင့်ရှောက်ပေးပါ့မယ်
မင်းဘက်ကသာငါ့ကိုမထားခဲ့ဘူးဆိုတဲ့ကတိတည်နေသရွေ့ ငါမင်းအပေါ်ဂရုစိုက်ပေးနေမှာ......

Waiting For YouWhere stories live. Discover now