Part 6

264 33 1
                                    

"ရှောင်​ကျန့်​ မင်းမျက်​ကွင်း​တွေညို​နေပါလာ ညကဘာ​တွေလုပ်​​နေလို့လဲ"
"ဘာမှမလုပ်​ပါဘူး အိပ်​မ​ပျော်​လို့ပါ"
   မင်း​ကြောင့်​ဆိုတဲ့စကားကိုဘယ်​လို​ပြောထွက်​ပါ့မလဲ
"အင်းပါ ငါ​ချောင်​မိန်​​လေးဆီသွားလိုက်​အုန်းမယ်​"

   အပြုံး​လေးနဲ့​ပြေးထွက်​သွားသူကိုဘယ်​လိုအင်​အားနဲ့ဖမ်းဆွဲရက်​ပါ့မလဲ ဝမ်းနည်းလာတဲ့စိတ်​ကိုမြိုသိပ်​လျက်​ ခုံ​ပေါ်သာ​မှောက်​အိပ်​လိုက်​​တော့သည်​ ကျဆင်းလာတဲ့မျက်​ရည်​​တွေကိုလဲမတားနိုင်​​တော့ ဒီတစ်​ခါ​တော့ကျဆင်းခွင့်​​ပေးလိုက်​ပါ့မယ်​ သူ့မလဲကျွန်​​တော်​ထိန်းချုပ်​ထားတိုင်းကျဆင်းခွင့်​မရခဲ့ဘူး​လေ ဒီတစ်​ခါ​တော့သူ့စိတ်​ကြိုက်​ကျဆင်းပါ​စေ

ဆုံးရှုံးရမှာ​ကြောက်​တဲ့စိတ်​နဲ့
မ​ကောင်းမှန်းသိရက်​နဲ့​ရှေ့ဆက်​တိုး​နေလဲ
ကိုယ်​ပဲနာကျင်​ရတယ်
နေ့တိုင်းနာကျင်​ရမှာထပ်
အတိုင်းအတာတစ်​ခုအထိပဲနာကျင်​လိုက်​​တော့မယ်
မချစ်​နိုင်​မှန်းစသိကတည်းက​နောက်​ဆုတ်​ခဲ့သင့်​တာ
မျှော်​လင့်​ချက်​ထားမိတာကိုယ့်​ရဲ့အကြီးဆုံးအမှားပဲ
ချစ်​ခြင်းတရား​တွေကိုလူတစ်​​ယောက်​ဆီ
ီဦးတည်​မိကတည်းက
ပြန်​လမ်းမရှိ​တော့ဘူး ဆိုတဲ့စကားကသိပ်​မှန်​တယ်
ဒဏ်​ရာ​တွေထိုးသိပ်​ပြည့်​နှံ့​နေလဲ
ကိုယ်​ဟာဆူးခြုံထဲအတင်းတိုးဝင်​​နေတဲ့
ငှက်​ငယ်​တစ်​​ကောင်​လိုပဲ
ပျော်​ရွှင်​မှု့​တွေအစားနာကျင်​မှု့​​တွေ​ပေး​နေလဲ
မင်းဟာကိုယ့်​အတွက်​ ချစ်​ခြင်းတရားတို့ဖြစ်​တည်​ရာဆိုတဲ့
နေရာ​လေးမှာရှိ​နေတုန်းပဲ
တိတ်​တိတ်​​လေးပါပဲ ကျွန်​​တော်​ခင်​ဗျားကိုချစ်​တာ
ခင်​ဗျားသိဖို့မလိုအပ်​တာ​ကြောင့်
ကျွန်​​တော်​ချစ်​တာတိတ်​တိတ်​​လေးပါပဲ
အဲ့လိုပဲခင်​ဗျားမသိ​အောင်​ တိတ်​တိတ်​​လေးပဲ​ကြေကွဲပါ့မယ်​....

"​ရှောင်​ကျန့်​ ​နေမ​ကောင်းဘူးလာ အိမ်​ပြန်​မလာငါလိုက်​ပို့​ပေးမယ်​​လေ"
"ရတယ်​ ငါ့ဘာသာပဲပြန်​​တော့မယ်​"

Waiting For YouWhere stories live. Discover now