11 2 0
                                    

"လရောင်ရေ..လရောင်..."

"အော် သားရတု လာသား သားသူငယ်ချင်းကအပေါ်ထပ်မှာသားရဲ့"

"ဟုတ်ကဲ့ အန်တီနှင်း"

အိမ်ထဲရောက်တော့လရောင်ဝါရဲ့အဖေဦးတေဇက

"သားတို့ဘယ်သွားမလို့ကြမလို့လဲ" ဦးတေဇကမေးလိုက်တော့ရတုပိုင်က

"သားတို့ဟိုဘက်၂လမ်းကျော်မှာအသစ်ဖွင့်တဲ့ရေခဲမုန့်ဆိုင်ခနသွားမလို့ပါဦး" ပြောပီးရတုပိုင်ကအပေါ်ထပ်တက်တဲ့လှေခါးကိုလှမ်းကြည့်တော့ လရောင်ရဲ့အရိပ်အရောင်တောင်မတွေ့ရလို့စိတ်ထဲမှကြိတ်ပီး*ခွေးကောင်ငါလာတာတောင်မသိဘူးလားမသိ ဘာလုပ်နေတဲ့ကိုအသိဘူး ဟူး*ဆိုပီးရေရွတ်နေလေရဲ့

ရတုပိုင် လရောင်ကိုရှာနေတာသိတဲ့အန်တီနှင်းက

"သားသူငယ်ချင်းကအပေါ်မှာကွဲ့ နေ့လည်စာစားပီးထဲကအခန်းထဲမှာဘဲအောက်ထပ်တောင်ဆင်းမလာဘူး"လို့လဲပြောလိုက်ရော

"ဟုတ်ကဲ့ အန်တီနှင်း သားသွားခေါ်လိုက်မယ်နော်"

"အေး အေး သားသွား"

ရတုအခန်းထဲရောက်တော့ကိုယ်တော်ချောကဖုန်းကြည့်နေတာ*ငါရောက်နေတာသိရဲ့နဲ့အောက်ထပ်ကိုဆင်းမလာဘူး တွေ့မယ်ငါနဲ့*လို့စိတ်ထဲကရေရွတ်ပီးလရောင်ရဲ့အရုပ်စင်ကအရုပ်၂ရုပ်လောက်ယူပီးလရောင်ကိုပစ်လိုက်ပါလေရော
လရောင်ကမျက်နှာကြီးဆူပုတ်ပီးတော့ရတုကိုမျက်စောင်းလှန်းထိုးရင်း

"ဟာ ဟျောင့် ဘာလို့ပစ်တာလဲကွ ဒီမှာငါ့ fanတွေနဲ့စကားပြောနေတဲ့ဟာကိုကွာ ချီးဘဲ"

"ဟျောင့် fanတွေဘာတွေလုပ်မနေနဲ့ အပြင်သွားမယ်လိုက်ခဲ့"
ရတုပိုင်ကအပြင်သွားမယ်လဲပြောရောလရောင်ကမျက်လုံးလေးဝေ့ကြည့်ရုံသာကြည့်ပီး

"ဘယ်ကိုသွားအုံးမှာလဲ ဒီမှာစကားပြောနေပါတယ်ဆိုမှကွား မလိုက်ဘူး မင်းဘာသာသွားပါလားဟ"

"မလုပ်ပါနဲ့ကွာလိုက်ခဲ့ပါနော် နော်"(ချွဲတယ်တော့သာသာ့ကိုလာချွဲပါလို့စ်😁)
ရတုကချွဲသလိုလေးလဲပြောရောလရောင်ကနှုတ်ခမ်းကိုမဲ့ပီး
"သွားစမ်းပါကွာမင်းရုပ်ကြီးနဲ့လာချွဲမနေနဲ့ သွား"လို့ပြောရောရတုပိုင်ကဝက်နှုတ်ခမ်းနဲ့
"လုပ်ပါကွာ ငါမဒီနဲ့ချိန်းထားလို့ပါကွ ဒီနေ့မဒီနဲ့ငါနဲ့ရည်းစားဖြစ်တာ၅လပြည့်တာကွ လိုက်ခဲ့ပါကွာ" (😢သူတို့က၅လတောင်ပြည့်ပီ ခုနကသာသာကလာချွဲခိုင်းထားတာသာသာလေးသနားပါတယ်လို့စ်😢)

ရတုကမဒီပါတယ်လဲပြောလိုက်ရောလရောင်ကမျက်လုံးပြူးသွားပီးအသဲအသန်ငြင်းပါတော့တယ်

"ဟမ် မဒီပါ ပါတာလား ပိုတောင်မလိုက်ချင်တော့ဘူးကွာ မင်းတို့၂ယောက်ကroတာroတာဆိုတာဘေးကလူတွေရှိတယ်တောင်မထင်တဲ့သူတွေမလိုက်ဖူး  မလိုက်ဖူး မင်းတို့ဟာမင်းတို့သွားကြ"ဆိုပီးroတာထိုင်မကြည့်နိုင်လို့အသဲအသန်ကိုငြင်းတော့တယ်

*ဘယ်ရမလဲလရောင်ဝါဆိုတာရတုပိုင်ရဲ့သူငယ်ချင်းပါကွာ*လို့တွေးရင်းရတုပိုင်တစ်ယောက်ညစ်ပြုံးပြုံးနေလေရဲ့ဒါကိုမသိတဲ့လရောင်ကတော့သူ့fanတွေနဲ့စကားပြောနေလေရဲ့ (လရောင်ရဲ့fanလို့သာပြောရတာလရောင်ကအပျော်တမ်းသီချင်းဆိုတာပေါ့ပီးတော့အစားအသောက်သရဲလေးဆိုတော့လရောင်ရဲ့မိဘတွေဖွင့်ထားတဲ့'ရွှေလက်ရာ'စားသောက်ဆိုင်ကိုလာစားဖို့လမ်းညွှန်ရင်နဲ့တစ်ခြားဆိုင်တွေကိုပါလမ်းညွှန်ရင်လူသိများလာတာပေါ့တစ်ခါတစ်လေfbကfriတွေတောင်ဆိုချက်ကြောင့်သီချင်းဆိုရင်းလူသိများလာတယ်ဆိုပါတော့နာမည်အကြီးရီးတော့မဟုတ်ဖူးပေါ့)

"ဟျောင့် လရောင်မင်းတကယ်မလိုက်ဖူးနော် သေချာပီလား"ရတုပိုင်သူ့မေ့ကိုလက်လေးနဲ့ပွတ်ပီးဆရာကြီးစတိုင်နဲ့မေးတော့
လရောင်ကဟွင်းခနဲနှာမှုတ်ပီး

"သေချာတယ်ကွာမလိုက်ဖူးဆိုမလိုက်ဖူးဘဲ"

"ပီးတာဘဲကွာ ငါကမင်းလိုက်ရင် မင်းကြိုက်တဲ့ခေါက်ဆွဲပြုတ်ကိုပင်လယ်စာနဲ့ကျွေးမလို့ မင်းကမလိုက်ဖူးဆိုတော့လဲ ဟူးးးနေပါစေတော့"လို့လဲပြောလိုက်ရောလရောင်ဝါကရတုပိုင်နားအပြေးအလွှားရောက်လာပီး

"ဟာ ရတုသူငယ်ချင်းသွားမယ်လေကွာ မဒီစောင်လနေရမယ်ကွ သွားမယ်လာလာ"
ရတုပိုင်ကပြုံးပီး"ရပါတယ်ကွာမသွားတော့ဘူးမဒီကိုလဲမလာတော့ဘူးလို့ဖုန်းဆက်လိုက်တော့ဖုန်"လို့ပြောရင်းဖုန်းကောက်ကိုင်တော့လရောင်က

"ဟာ ဟျောင့် အလိုမလုပ်နဲ့လေကွာဒီနေ့ကမင်းတို့၅လပြည့်လေအရေးကြီးတယ်ကွ မဒီမင်းကိုစိတ်ကောက်လိမ့်မယ်နော် မဒီအကြောင်းမင်းသိတယ်မလား"

"အေးပါကွာ ငါကမင်းကိုစတာပါ လာသွားမယ် "

(သာသာကခုမှစရေးတာပါမကောင်းမကန်းလေးမို့သီးခံပီးဖတ်ပေးကြပါနော် လိုတဲ့နေရာလေးတွေထောက်ပြပါနော် ဝေဖန်ပေးပါ)

(နောက်တစ်ပိုင်းsemeနဲ့တွေ့ပေးမယ်နော်)

ခမ်းနားသောချစ်ခြင်းWhere stories live. Discover now