2

1 0 0
                                    

ရတုနဲ့လရောင်နှစ်ယောက်အောက်ထပ်ဆင်းလာကြပီးလရောင်က
"မေမေ သား ရတုနဲ့ခနလိုက်သွားမယ်နော်"

ဒေါ်နှင်းနုလဲလရောင်အသံကြားတာနဲ့မီးဖိုးထဲမှ

"အေး အေးသား မိုးမချုပ်စေနဲ့နော် စောစောပြန်လာ"

"ဟုတ် မေမေသွားပီနော် ဖေဖေလဲသွားပီ"

ဦးတေဇကအသိအမှတ်ပြုခေါင်းငြိမ့်ပြလိုက်လေသည်

၂ယောက်သားလမ်းလျှောက်လာရင်းလမ်းအကွေ့တစ်နေရာအရောက်

"ကျွီ.......အာ့"ကားဘရိတ်အုပ်သံနဲ့အတူနာကျင်လို့အော်ညည်းလိုက်တဲ့အသံလေးတစ်ခု
ရတုပိုင်က
"လရောင် ဘာဖြစ်သွားသေးလဲ ဘယ်နေရာထိမိသွားတာလဲ အရမ်းနာနေလာ"မေးခွန်းတွေဆက်တိုက်မေးနေတုန်းကားပေါ်မှဆင်းလာတဲ့လူ၁ယောက်

"ဒီကညီလေး ဘာဖြစ်သွားလဲဗျ "

"အဆင်ပြေရဲ့လား ကောင်လေး"

"ခြေထောက်ထိသွားတာထင်တယ်  ထလို့ရရဲ့လားဟင်"မျက်နှာကိုမကြည့်သေးဘဲထိခိုက်မိသွားသောခြေထောက်ကိုသာကြည့်ပီးပြောနေသည်

🌿🌿🌿🌿🌿🌿

နေမင်းတစ်ရာ Company ကနေစံအိမ်ပြန်လာတဲ့လမ်းကွေ့တစ်ခုမှာကောင်လေးတစ်ယောက်ကိုကားနဲ့တိုက်မိမလိုဖြစ်ခဲ့တယ် ကောင်လေးကခြေထောက်ခေါက်သွား၍ထင့် ခြေထောက်လေးကိုကိုင်ပီးရှုံ့မဲ့နေတယ် ဘေးကတစ်ယောက်ကလဲစိုးရိမ်တစ်ကြီးနဲ့မေးနေလေရဲ့ အဲဒါနဲ့ကားပေါ်ကဆင်းလာခဲ့တယ်
ကောင်လေးနားရောက်တော့​ထိမိသွားတယ်ထင်တဲ့ခြေထောက်သေးကိုကြည့်လိုက်တယ်ဖြူဥနေတဲ့ခြေထောက်လေးကနေတဆင့်ကောင်လေးကိုမော့ကြည့်မိတော့ကျွန်တော်ရင်ဘတ်ထဲကအကောက်ပေါက်လေးကအငြိမ်မနေတော့ဘူးဗျ ကောင်လေးပိုကြည့်ပီးမေးလိုက်တယ်"အဆင်ပြေရဲ့လားကောင်လေး"လို့
အဲ့တော့မှကောင်လေးကမော့ကြည့်လာပီး

"ခြေထောက်နာနေတယ် ကျိုးပီလားမသိဘူး ဟင့်"
ရတုက
"မင်းကလဲကွာကျိုးတော့မကျိုးလောက်ပါဘူးဟ"
ရတုပြောတော့ဆူပူတ်ပုတ်လေးနဲ့

"မသိဘူးကွာ ငါနာတာကိုးမင်းမနာတိုင်းကိုယ်ချင်မစာမပြောနဲ့ ရော့ အာ့ဆို ငါနာနေတာမင်းယူ" ဆို ပီး လရောင်က သူခြေထောက်လေးကိုရတုရဲ့ခြေထောက်နဲ့လှန်းတို့လိုက်တယ်

ရတုကတော့ဘာမှပြန်မပြောတော့ဘဲသူ့သူငယ်ချင်း ကလေးဆိုးကြီးကိုကြည့်ပီး ခေါင်းသာခါနေတော့တယ်

ထိုအခါမှနေမင်းတစ်ရာက
"ကဲပါ ကိုယ်ကြောင့်ဖြစ်သွားတာဆိုတော့ ဆေးခန်းပြပေးပီး အိမ်ပါပြန်လိုက်ပို့မယ်နော်"

"ဆေးခန်းလဲမသွားဘူး အိမ်လဲမပြန်သေးဘူး"

"ဟင်"

"ဟမ်"လရောင်ရဲ့ငြင်းဆိုသံကြောင့်နေမင်းတစ်ရာရော ရတုပိုင်ပါ အာမေဋိတ်သံထွက်သွားတယ်

😊😊😊😊

ခုမှစရေးနာမို့ဝေဖန်ပေးပါအုံးနော်
မကောင်းတာသိပေမယ့်
ရေးချင်စိတ်လေးရှိလို့ပါ
အရေးအသားလိုတဲ့နေရာလေးရှိရင်ပြေပေးပါ
Kbကလုံးဝအဆင်မပြေဘူးဖြစ်နေတယ်
နားလည်ပေးကြပါ

Love😘😘😘

You've reached the end of published parts.

⏰ Last updated: Oct 13, 2020 ⏰

Add this story to your Library to get notified about new parts!

ခမ်းနားသောချစ်ခြင်းWhere stories live. Discover now