Ep4: Blind Date App(Unicode)

1.9K 202 17
                                    

အပိုင်း-(၄)

အစ်ကိုဒီးမရှိတော့ သူတစ်ယောက်တည်းအိမ်မှာနေရတာ ပျင်းသလိုရှိလာသည်မို့ အပြင်ထွက်ရန်ကြံလိုက်ပြီးမှ ကားကို workshop ပို့ထားမှန်းသတိရသွားသည်။

အိမ်မှာပဲ သောင်တင်နေရတော့မှာပေါ့။

အင်တာနက်ဖွင့်၍ လိုင်းသုံးပြန်တော့လည်း အစားသောက်ဗီဒီယိုတွေက သူ့ကိုနှိပ်စက်နေပြန်သည်။
ကိုနန်ဒီးနှင့် Dim Sum Dateကလဲ မဖြစ်လာသေးတော့ သူ့ဗိုက်သူပွတ်ကာ နှစ်သိမ့်ပေးနေမိတော့၏။
ငါ အဲ့ဒီဖက်ထုပ်နဲ့ ဒင်းဆမ်းကိုတကယ်စားချင်တာ
screenပေါ်ကဖက်ထုပ်ပုံလေးကြည့်ပြီး သူ့မှာဝေဒနာသဲ့သဲ့...
မြင်သာမြင် မကြင်ရရင်ဖြစ်တဲ့ ခံစားချက်ဆိုတာ ဒါမျိုးနေမယ်။

သူလိုင်းဆက်သုံးရင်း Live Videoတစ်ခုကသူ့အာရုံကိုဆွဲဆောင်နေတော့ သူကြည့်မိလိုက် ၏။ သတ်လတ်ပိုင်းအမျိုးသမီးတစ်ဦး၏အသံက အတော်လေး ရွှင်လန်းလို့နေသည်။
"ကျွန်မအသက် လေးဆယ်ကျော်ရောက်မှ ကံပွင့်တယ်ပဲပြောရမလားပေါ့ ကျွန်မရဲ့ကြင်ဖက်ကိုရှာတွေခဲ့ရတာရှင် ဘေးကကျွန်မရဲ့ အမျိုးသားပါပဲ
လူအများစုကတော့ ကျွန်မကအသက်ကြီးမှထီပေါက်တယ်ပြောကြသေးတယ်"
သူမကရယ်လျက် ထိုစကားများကို ပြောနေသည်။

Interviewer: သေချာတာပေါ့ ဘယ်သူမဆိုအဲ့လိုတွေးမိမှာပဲ ဒီအမျိုးသားက ဒီလောက်ခန့်တာဗျာ
မေးမြန်းသူက ကောင်လေးဘက်မိုက်ထိုးပေးတော့

အမျိုးသား:ကျွန်တော်တို့လွန်ခဲ့တဲ့သုံးလကမှလက်ထပ်ပြီးစီးခဲ့တာပါ
အဖဘုရားသခင်နဲ့ ဖာသာတွေက ကျွန်တော်တို့ရဲ့ချစ်ခြင်းကိုကောင်းချီးပေးမှုကြောင့် အသက်ရွယ်ကွာပေမယ့် အရမ်းကိုအဆင်ပြေနေပါတယ်
အခုဆို သူမမှာ ကိုယ်ဝန်နှစ်ပတ်တောင်ရှိနေပါပြီ...

Interviewer: Oh Congratulationပါ..
ဟားဟား ခင်များရဲ့လုပ်ဆောင်နိုင်စွမ်းကတော့ဗျာ
သူပြောပြီးမျက်လုံးမှိတ်ပြပြီးပြောလေတော့
ကောင်လေးခမျာ မျက်နှာကရဲခနဲပဲ
အောက်ကကောမန့်ပေးသူတွေကလည်းတစီကြီး

ငါဘုရင်မ: ဟိတ် ဘဲကြီးဘီဒီzero ကောင်လေးကို မflirtနဲ့

interviewer: "ဟုတ်ကဲ့ ကျွန်တော်က ဘီဒီzeroပါ ကျွန်တော့ရဲ့ဘုရင်မ
မflirtရပါဘူးဗျာ"

Blind Date (OC) (Completed)Where stories live. Discover now