အပိုင်း(၂၀) : အဲ့အချိန်တုန်းကကျွန်တော့်အတွက် အချစ်က...ရွေးချယ်စရာမဟုတ်ခဲ့ဘူး။
......
ခုံလေးကတရွေ့ရွေ့နဲ့ ဟိုဘက်သွားလိုက်၊ ဒီဘက်သွားလိုက်ရွေ့လျားကာ အခန်းလေးအတွင်းမှာကြမ်းပြင်နှင့် ခုံရှိဘီလုံးလေးရဲ့ ထိခတ်သံက တဂျစ်ဂျစ်နှင့်ထွက်ပေါ်နေသည်။
"An! မင်းငြိမ်ငြိမ်နေလို့မရဘူးလား။ငါ...နားဆူတယ်။"
Angeloက မင်းသွေးဆက်ရဲ့စကားသံကို မကြားချင်ယောင်ဆောင်ကာ ခုံကိုတစ်ပတ်လှည့်လိုက်သေးသည်။ ဇက်ကိုလှန်ကာမျက်နှာကြက်အဖြူက မီးလုံးလေးများကို ရောက်တတ်ရာရာစိုက်ကြည့်နေသည်။
သူတစ်ဖန် ခုံပေါ်ကိုမေးထောက်ကာ စူးစမ်းသောမျက်လုံးများဖြင့် မင်းသွေးဆက်ရဲ့လက်ဖြူဖြူလေးကိုကြည့်နေမိပြန်သည်။
ဒီလူက... တော်တော်အာရုံနောက်တဲ့ကောင်ပဲ။
အမှားလုပ်ထားတဲ့သူကသူမဟုတ်ဘူးလား။ငါ့ကိုသူကပဲ ယိုးစွပ်အထင်မြင်တွေလွဲပြီး စကားကောင်းမပြောတာက ခံရခက်တာပဲ။အန်ဂျလို ခုံကိုမင်းသွေးဆက်နားကိုရွေ့သွားလိုက်ကာ နေရာယူလိုက်သည်။ ရှေ့ဆက်ပြီးနောက်ထပ် ဘာဆက်ဖြစ်သေးသည်ကိုသိချင်စိတ်ကြောင့် တံတွေးမြိုချလိုက်ပြီး
"ကိုစိုးမြင့် ရပ်မသွားနဲ့လေ ပြီးတော့... ဘာဆက်ဖြစ်လဲ...ပြောဦးလေ။ ကျွန်တော်သိချင်စိတ်ကြောင့် စိတ်လှုပ်ရှားလို့ငြိမ်ငြိမ်မထိုင်နိုင်တော့ဘူး။"
စိုးမြင့်က တစ်ချက်ငြိမ်ပြီးတော့ " လွန်ခဲ့တဲ့၂နှစ်ကဆိုတော့ ငါလည်းဝိုးတဝါးပဲ။ မှတ်မိသလောက်ပြောရရင် ငါတို့ရောက်သွားတော့...တိုက်ကမီးလောင်နေပြီ။"
"ငစိုး ဘယ်နှစ်ယောက်သေတာလဲ။"
"ဓားစာခံထဲက တစ်ယောက်သေတယ်မဟုတ်ဘူးလား။တစ်ယောက်က အခုရှားသွားသွားနေကျ ဆေးရုံမှာတက်နေတာလေ။"
"သေနတ်ကကော ဘယ်သူမှန်တာလဲ။" Angeloက ခုံကိုဟိုရွေ့ဒီရွေ့လုပ်ပြီး ကိုစိုးမြင့်နားကိုတိုးသွားပြန်သည်။
"အင်း...ရှားကိုမှန်တာလေ။"
"what the fuck ...တကယ်ကြီး အဲ့ကောင်ကိုမှန်တာလား။"
YOU ARE READING
Blind Date (OC) (Completed)
Teen FictionDee× Shar ဒါက ကိုယ်Plotချထားပြီးသားဇာတ်လမ်းထဲကအရံအတွဲလေးကို side storyအနေနဲ့ရေးတာပါ အလွတ်တမ်းစုံထောက်ကောင်လေးDeeနဲ့ အမှုစစ်စုံထောက်ကောင်လေးShar(ရှား)တို့ရဲ့အလွဲတွေကိုဒီBlind dateမှာဖတ်ရမှာပါ စုံထောက်ကျော်နှစ်ယောက်ဟာ အချစ်ရေးမှာတော့ကံခေရှာပါတယ် ထို့...