7

815 49 11
                                    

."ဘာ!..ငါ့သမီးတော် ပျောက်ပြန်ပြီလား..."

"မှန်လှပါဘုရား...ကျွန်တော်မျိုးမတို့လည်း...မင်းသမီးကို ဝေးဝေး မသွား...အကြိမ်ကြိမ်တားခဲ့ပါသေးတယ်...အရှင်မင်းကြီး...
မင်းသမီးလေးက...

"နင်တို့တွေက အထိန်းတော်တွေ မဟုတ်လား...စောင့်ကြည့်ရမယ် တာဝန်ကို..ဘာလို့ ...ကျေပွန်အောင် မထမ်းဆောင်နိုင်ရသလဲ..."

"ကျွန်တော်မျိုးမတို့...အပြစ်ရှိ သဖြင့် အပြစ်ပေးတော်မူပါ ဘုရား.."

"ပေးမယ်...အပြစ်လုပ်တဲ့သူကို...ကြိမ်ဒဏ် အချက် (100)တစ်ရာ...ပေးတယ်ဆိုတာ....ငါ ကိုယ်တိုင်နန်းမတက်ခင် အချိန် ကတည်း..သတ်မှတ်ထားခဲ့တာနော်..ကဲလာ...အားလုံး..တန်းစီ..."
.
မင်းကြီး Kim အမိန့်ပေးပြီးသည်နှင့်...
မင်းသမီးလေးရဲ့ အထိန်းတော် တွေဟာ...နန်းတွင်း သူ နန်းတွင်းသားတွေကို ကြိမ်ဒဏ် အပြစ်ပေးသည့်နေရာသို့...
ရောက်ရှိ သွားကြသည်။..
.
တစ်ပေ ပတ်လည်...နန်းတော်ရှိ ကျောက်တိုင်ကြီးတွေကို...ဖားကပ် တစ်ကောင်ပမာ...ဖက်ထားရပြီး...ကျောပြင်ပေါ်...ကျရောက်လာတဲ့ ကြိမ်ဒဏ်ကို...အံ့ကြိတ်ကာ..
ခံဖို့ အသင့်ပြင်ထားလိုက်ကြသည်။
.
အချိန်တဒင်္ဂလေး..အကြာမှာတော့...
ကြိမ်လုံးကိုင်ထားတဲ့...ယောကျာ်းကြီး..(3)ဦး ရောက်လာသည်..။
အထိန်းတော်တွေကတော့...ကြက်သီး မွေးညင်းလေးတွေ...ဖျန်းဖျန်းထလောက်တဲ့ အထိ ကြောက်..ဒူးတွေ တုန်နေမိသည်။...
.
"ကဲ...စရိုက်တော့...

"မင်းကြီး၏ အမိန့်တိုင်းပါ ဘုရား..."

ထိုအခိုက်...

"အရှင်မင်းကြီး..ဘုရား..မင်းသမီးလေး...နန်းတွင်း အ၀င်လမ်း၌ ပြန်ကြွလာပါပြီ ဘုရား..."

"ဘယ်လို..ငါ့သမီးတော် ပြန်ကြွလာပြီ ဟုတ်လား..."

"မှန်လှပါ..ဘုရား..."

"ငါ့ကိုယ်တော်မြတ်ရဲ့ ရှေ့တော်မှောက်၌...အခံစား...၀င်ခိုင်းစေ...

"အမိန့်တော်မြတ်အတိုင်းပါ ဘုရား..."
.
အမတ်ကြီးတစ်ဦးရဲ့..သတင်းပို့မှုကြောင့်...ကြောက်ဒူးတုန်နေတဲ့ အထိန်းတော်တွေလည်း...မျကွဝန်းအိမ်မှ မျှော်လင့်ချက် ရောင်ခြည်လေးတွေ လင်းလက်လာခဲ့သည်။..
မင်းကြီးလည်း...
သမီးတော်လေးကို တွေ့ရဖို့...နန်းရင်ပြင်ဘက်သို့ ပြန်ထွက်လာလိုက်သည်။
.
.

အတိတ်ဘ၀ရဲ့..ရှိုက်သံWhere stories live. Discover now