🍁အပိုင်း (၁၅)🍁

5.6K 543 1
                                    

Zawgyi....

အခုဆို ငယ်​သည်​ ​ဆေးရုံက ဆင်းလို့ ​ကျောင်းပင်
တက်​​နေ​လေပြီ။ထို​နေ့က ငယ့်​မှာ သတိရရချင်း
အန်​တီကိုငိုယိုကာ ​တောင်းပန်​​နေလို့ မငို​စေရန်
အဖြစ်​မှန်​​ပြောပြလိုက်​​သော်​လည်း မခွဲလို့ ​ကျေးဇူး
တင်​ပါတယ်​လို့​ပြောပြီး ငိုပြန်​သည်​။

ထိုအခါ ​ဖေ​ဖေလည်း မ​နေသာ​တော့ဘဲ..

"သားငယ်​ရယ်​..​ဖေ​ဖေယွစကီးထပြီး စမိတာပါကွာ.
ထပ်​ငိုရင်​ ​ဖေ​ဖေ မင်း​ယောင်္ကျားအကြည့်​နဲ့တင်
ပြာကျ​တော့မယ်​..​ဖေ​ဖေ့ကိုသနားရင်​ မငိုပါနဲ့​တော့ကွာ.
နော်​..​နော်​..သားငယ်​​လေး..

နောင်​တရသလိုလို ရွဲ့ ပြီး​ပြောသလိုလို ​ပြော​နေ​သော
ဖေ​ဖေ့စကားကိုကြားမှသာ အသံတိတ်​ပြီးအငိုရပ်​သွား
လေသည်​။

ဒေါက်​...​ဒေါက်​...

"​မောင်​​ရေ..​ရေချိုးတာကြာ​နေပြီ..ထွက်​ခဲ့​​တော့​လေ.
ဖျားရင်​ ငယ်​ နှစ်​ပါတ်​စိတ်​​ကောက်​မှာ​နော်​..

မောင်​ တစ်​​ယောက်​​ရေချိုးရင်း အရင်​အ​ကြောင်း​တွေ
ကိုပြန်​​တွေးမိ​နေတာ​ကြောင့်​ ​ရေချိုးကြာ​နေသည်​မှာ
နှစ်​ပါတ်​စိတ်​​ကောက်​မည်​ဆို​သော အသံစာစာ​လေးကို
ကြားမှ ခါး​အောက်​ပိုင်းကို သဘတ်​ပတ်​ပြီး ​ရေချိုးခန်းမှ
အလျင်​အမြန်​ထွက်​လာရသည်​။

ငယ်​က စိတ်​​ကောက်​ဖို့အတွက်​ ရက်​သတ်​မှတ်​ထားရင်
အ့ဒီရက်​မပြည့်​မချင်း လုံးဝစိတ်​​ကောက်​မ​ပြေတတ်​​ပေ။
ဒါက အိမ်​​ထောင်​သက်​​လေးရလာတဲ့အ​တောအတွင်း
မောင်​သိလာတဲ့ ငယ်​ရဲ့အမူအကျင့်​​လေး။

"ဟီးး...ငယ်​ကလည်း.​မောင်​နည်းနည်းကြာသွားတာပါ.

ငယ်​သည်​ ​မောင့်​အား မျက်​​စောင်း​လေးဝင့်​ကာ..

"ဦး "မ" သုံးလုံး​နော်​..ဘယ်​​ကောင်​မ​လေးအ​ကြောင်း
တွေး​နေလို့ကြာ​နေတာလဲ..နှာ​ခေါင်းငြိမ်​ငြိမ်​ထား​နော်​.
မငြိမ်​ရင်​ ငြိမ်​​အောင်​ ဖျက်​ပစ်​လိုက်​မယ်​..ဟွန့်​..

🍁ချစ်​မိခဲ့​ပြီ ငယ်​ 🍁[complete]Where stories live. Discover now