Zawgyi...
ထူးငယ် ဒီနေ့ pratical စောစောပြီးသွားတာ
ကြောင့် မောင်ကုမ္ပဏီသွားရန်ဆုံးဖြတ်လိုက်သည်။
ထူးငယ် မြင်သွားရင် မောင့်ရဲ့ ပြုံးပျော်နေမည့်
မျက်နှာကိုမြင်ယောင်မိသည်။မောင်က ထူးငယ်ကို ကုမ္ပဏီကိုလာစေချင်ပေမယ့်
ထူးငယ်ကျောင်းတစ်ဖက်နဲ့ မို့မသွားဖြစ်ပေ။
ကုမ္ပဏီက လူတွေက ထူးငယ်တို့မင်္ဂလာဆောင်
လာဖူးသူတွေမို့ ထူးငယ်ကိုတော့ သိကြသည်။ထူးငယ်လည်း မောင့်ရုံးခန်းသို့သာ တန်းတန်းမတ်မတ်
သွားလိုက်ပြီးတံခါးခေါက်လိုက်သည်။"အော်...ယွန်း မှာထားတာယူခဲ့ပြီလား.ဝင်ခဲ့လေ.
မောင်လည်း အတွင်းရေးမှူးယွန်းကိုမှာထားသော
စာရင်းလာပို့တယ်ထင်ပြီး ဝင်လာခိုင်းသော်လည်း
တံခါးဖွင့်သံသာကြားပြီး ဝင်လာသောအသံမကြား
တာကြောင့် မော့ကြည့်လိုက်ချိန်တွင် တံခါးဝတွင်
နှုတ်ခမ်းကြီးထော်ကာ မောင့်အား မျက်စောင်းထိုး
နေသော ချစ်ယောင်္ကျားသေးသေးပိစိလေးကိုတွေ့
လိုက်ရသည်။။"ဟာ...ငယ်ပါလား..ထူးထူးဆန်းဆန်းမောင့်ဆီကို
လာလို့ပါလား..မောင်အ့သြသွားတာဘဲ..မောင်လည်း ငယ့်အာား တွေ့တာနဲ့ ခုံပေါ်ကထပြီး
ငယ့်ဆီသို့သွားကာ လက်ကိုဆွဲပြီး ဆိုဖာပေါ်မှာ
ထိုင်ခိုင်းကာပြောလိုက်သည်။"ယွန်း မဟုတ်လို့အ့သြသွားတာလား..ဟွန့်.
မျက်စောင်းထိုးကာ ပြောလာသော စကားကိုကြားမှ
မောင်လည်း တံခါးဝမှာထဲက ကောက်ချိတ်နေတဲ့
ပိစိမျက်နှာအဓိပ္ပါယ်ကိုနားလည်လိုက်သည်။ထိုပိစိလေး သဝန်တိုနေသည်လေ။
"ဟားဟား..ပိစိရယ်..ယွန်းက မောင့်ရဲ့အတွင်းရေး
မှူးလေ လိုအပ်တဲ့ဖိုင်လာပို့ခိုင်းထားတာပါ.
သူ့အစား ငယ်ရောက်လာတော့မောင်က အ့သြ
သွားတာပါ..