Part 1

135 17 2
                                    

"Wu Yifan မင်းအပြစ်ကို မင်းသိလား.."

အခန်းတစ်ခုလုံး လွှမ်းနေတဲ့ အသံကြောင့် အားလုံးက တိတ်ဆိတ်နေပြီး Wu Yifan ကို ကြည့်နေကြတယ်။

ကောင်းကင်ဘုံမှာ အုပ်စိုးတဲ့ နတ်မင်းရဲ့ ဒေါသကို နတ်သားနတ်သမီးတွေအားလုံး ကြောက်ကြတယ်။

ဒီလိုအသံကာလာ အနေအထားက နတ်မင်းကြီး တော်တော် ဒေါသ ထွက်နေတာကို ဖော်ပြနေတယ်။

ဒီလို အခြေအနေမှာဆိုရင် " ဟုတ်ကဲ့ ကျွန်တော် မှားမှန်း သိပါပြီ " လို့ ပြောပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်တာက အကောင်းဆုံးပဲ ။

ဒါပေမယ့် ခုက ဘယ်သူမို့လို့လဲ
Wu Yifan လေ။
ခေါင်းကြောမာတဲ့ နေရာမှာ နှစ်ယောက် မရှိတဲ့ Wu Yifan...

ဆိုတော့ကာ

" ဟုတ်ကဲ့ တောင်းပန်ပါတယ် " ဆိုတဲ့ စကားမျိုး ဘယ်ထွက်လာလိမ့်မလဲ။

" ကျွန်တော် မသိပါဘူး
လူတွေကို ကူညီတာက ဘာကြောင့် မှားတယ် ဆိုတာကို ကျွန်တော် တကယ်မသိဘူး
ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီမိတာက ဘာကြောင့် ဒီလောက် အပြစ်ကြီးနေမှန်း တကယ် မသိဘူး...."

" မင်း....."

Wu Yifan က မျက်နှာပြောင်ပြောင်နဲ့ ပြန်ခံပြောတော့ နတ်မင်းကြီး Wu Siwon ခင်မျာ  မင်း တစ်လုံးပဲ ထွက်နိုင်တယ်။

တခြားနတ်တွေကတော့ တုံဏှိဘာဝေ နေ ပြီး ပွဲကြည့်ပရိသတ်ပဲ လုပ်နေကြတယ်။
ဒီနတ်သားအဖကြား ဝင်ရင် ကြားသုံးကြား ဝင်တာထက် ဆိုးမှာကို အားလုံး သိထားတယ်လေ။

ဒေါသကြောင့် နတ်သက်ကြွေသွားမှာစိုးလို့ နတ်မင်းကြီး Wu Siwon က အသက်ကို မှန်မှန်ရှူလို့ ဒေါသကို လျှော့ချရတယ်။ ပြီးမှ

" Wu Yifan ငါတို့က ကောင်းကင်ဘုံက နတ်တွေ....
ငါတို့နဲ့ သက်ဆိုင်တာက ကောင်းကင်ဘုံပဲ
လူ့ဘုံကြားမှာ ငါတို့ ဝင်မရှုပ်သင့်ဘူး
ငါတို့မှာ အစွမ်း ရှိတာ မှန်တယ်
ဒါပေမယ့် အဲအစွမ်းကို အသုံးချပြီး သဘာဝရဲ့ ညီမျှခြင်းကို သွားထိလို့ မရဘူး
ငါတို့ဟာ ဖန်ဆင်းရှင် မဟုတ်ဘူး
လူတွေကသာ သူတို့ကြမ္မာ သူတို့ ဖန်တီးကြတာ
ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ငါတို့ ဝင်စွက်ဖက်လို့ မရဘူး.. "

You've reached the end of published parts.

⏰ Last updated: Sep 14, 2020 ⏰

Add this story to your Library to get notified about new parts!

Falling in Love with an AngelWhere stories live. Discover now