Unicode
"သား ကျန့်ကျန့်ထတော့လေ"
မားရဲ့နှိုးသံနဲ့အတူ ရှောင်းကျန့်စောင်ပုံထဲကမထွက်ချင်ထွက်ချင်နဲ့ထွက်လာခဲ့လိုက်သည်။
"ဟုတ်မား"
သူရေချိုးပြင်ဆင်ပြီး အိမ်အောက်သို့ဆင်းလာခဲ့သည်။
"သား လာ"
"ဟုတ်မား"
"သား ဆိုင်အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ်ပါး သားအားရင်ပန်းခင်းသွားကြည့်ရင်ကောင်းမလားလို့ ပန်းတွေလဲထပ်သယ်ရင်းပေါ့"
"သားရယ်အလုပ်သမားတွေရှိတာပဲ သူတို့လာပို့မှာပေါ့"
"ယောကျားရယ် ပန်းခင်းနဲ့ပတ်သတ်ရင်သားကိုတားလို့ရလို့လား သားအကြောင်းမသိတာကျလို့"
"သိပါတယ်ကွာ ငါကသားပင်ပန်းမှာစိုးလို့ပါ"
"သားမပင်ပန်းပါဘူး ပါး"
"ကဲ ဟုတ်ပါပြီ စားတော့"
ကျွန်တော်ပန်းလေးတွေကိုချစ်တယ် မြတ်နိုးတယ် ပန်းလေးတွေကနူးညံ့တယ် လှပတယ် အဓိပ္ပာယ်တွေလဲအများကြီးရှိတယ်
ကျွန်တော်ကျောင်းပြီးတော့ကျွန်တော့်ဝါသနာအရ ပန်းစိုက်တယ် ပါးကကျွန်တော့်ကိုအရမ်းအလိုလိုက်တယ် ပါးcompanyမှာအတင်းအလုပ်မဝင်ခိုင်းပဲ ကျွန်တော့်သဘောအတိုင်း ပန်းဆိုင်လေးတဆိုင်ကိုဖွင့်ပေးခဲ့တယ် အခုကျွန်တော်ဝါသနာလေးနဲ့ကျွန်တော်အမြဲပျော်ရွင်နေရတယ်
"မား သားသွားပြီ"
"အေး သား"
ကျွန်တော်ကားမောင်းပြီး ကျွန်တော့်ဆိုင်လေးဆီထွက်လာခဲ့တယ်။ကျွန်တော်ဆိုင်ရောက်တော့ဆိုင်တံခါးလေးကပိတ်လျက်
"ရိပေါ် နောက်ကျပြန်ပြီ"
ရိပေါ် ရိပေါ်ဆိုတာ ကျွန်တော့်ဆိုင်ကဝန်ထမ်းပါ ကျွန်တော်ကစီးပွားဖြစ်ဆိုင်ဖွင့်တာမဟုတ်လို့ ဝန်ထမ်းမထားချင်ပေမဲ့ ဒီကလေးရဲ့ကတောင်းဆိုတာကြောင့်ကျွန်တော် အလုပ်နေရာပေးခဲ့တာပါ
YOU ARE READING
ကိုကိုမြတ်နိုးတဲ့ပန်းကလေး(One shot)(Zaw+Uni)
Fanficကိုကိုက ပန်းလေးတွေကို မြတ်နိုးလို့ ကျွန်တော် ကိုကိုမြတ်နိုးတဲ့ပန်းလေးတပွင့်ဖြစ်ချင်တယ် ကိုကို