Junhao 2

741 77 18
                                    

ဟူးး……………

Minghao သက်ပြင်းချရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။

ကျွန်တော့်နာမည် Xu Minghao ပါ …

ကျွန်တော် က တရုတ်လူမျိုးပါ ဒါပေမဲ့ ကိုရီးယားကိုငယ်ကတည်းက ပြောင်းရွှေ့လာတာ ။ အစပထမတော့ ကျွန်တော့် အိပ်မက်က Idol တစ်ယောက်ပေါ့ …

ကျွန်တော်ရဲ့အိပ်မက်ထက် ကျွန်တော်လက်တွေ့နှစ်ခြိုက်သွားမိတာက ပန်းချီ……
ဆေးစက်ကျရာ အနုပညာတစ်ခု အဖြစ်ခံစားလို့ရတဲ့ အရာ……

ပန်းချီကားချပ်တစ်ခုကပေးတဲ့ အတွေးအခေါ်နဲ့ရသက ဘယ်နေရာမှာမှ သွားဝယ်ယူလို့မရတဲ့ ခမ်းနားမှု တွေ အဓိပ္ပါယ်ဖွင့်ဆိုလို့ရတဲ့ စိတ်ကူးပေါင်းများစွာ …………

ကျွန်တော်ဟာ အချိန်ကြာလာတာနဲ့အမျှ ပန်းချီကားချပ် တွေနဲ့တစ်သားတည်း ဖြစ်လာခဲ့တယ်။ ကျွန်တော် ဖန်တီးချင်လာတယ်။ လှပခမ်းနားတဲ့အရာတွေကြောင့်လား ??? ကြီးကျယ်မြင့်မြတ်တဲ့အရာတွေကြောင့်လား??? ဂုဏ်သိက္ခာ အတွက်လား???

အားလုံးကို ငြင်းဆိုပါရစေ……

ကျွန်တော့်ရင်ထဲကခံစားမှုတွေ ဖြစ်ပေါ်လာတဲ့ စိတ်ကူးတွေက ပန်းချီကားချပ်တစ်ခုအနေနဲ့ လူတွေရဲ့ စိတ်နဲ့ဆက်သွယ်မိချင်တာ။
Idol ဆိုတဲ့ အိပ်မက်ထက် ပန်းချီလမ်းကြောင်းပေါ်ကို ပြတ်ပြတ်သားသားရွေးချယ်မိတဲ့အခါ တွန့်ဆုတ်ခြင်း မရှိခဲ့ဘူး ။ ကျွန်တော်ရဲ့ အနုပညာ ဖန်တီးမှုတွေက လူတွေနဲ့ ချိတ်ဆက်သွားမိတဲ့အခါ The 8 ဆိုတဲ့ ပန်းချီဆရာတစ်ယောက်ဟာ လူသိများလာခဲ့ပါတယ်။
ကျွန်တော့်ဘဝက ချောမွေ့ပါတယ်။ အခက်အခဲဆိုတာမရှိဘူး အေးအေးချမ်းချမ်းပါပဲ။
ပြသနာက အခုမှ စမှာ ………
မားမား က ကျွန်တော့်ကိုအိမ်ထောင်ချပေးမယ်တဲ့ ။ လက်ခံပါတယ် အိမ်ထောင်ပြုဖို့ဆိုတာ စိတ်ကူးမရှိသေးပေမဲ့ မားမား စိတ်ချမ်းသာဖို့လိုအပ်တယ်လေ ။
အဲ့ဒီအထိ ပြသနာ မရှိသေးဘူး……
လက်ထပ်ပေးမဲ့သူက ယောက်ျားလေးဖြစ်နေတာကတော့ ပြသနာရှိသွားပြီ။
LGBT ကိုလက်မခံတာမဟုတ်ဘူး … ကျွန်တော် မချစ်တတ်သေးတာ ကျွန်တော်ရင်မခုန်တတ်သေးဘူး

"သားလေး…… "

"ဟုတ် မားမား "

"မားမား ပြောတာကိုသေချာစဉ်းစားထားနော် မားမားလဲ တရုတ်ပြည်ကိုပြန်တော့မယ် "

We're coming from China but we found our love at SeoulWhere stories live. Discover now