Junhao 3

465 63 19
                                    

မနေ့ညက Bar ကပြန်လာပြီး တန်းအိပ်မိလိုက်တယ်။ စိတ်ညစ်မှုတွေ အဝေးပြေးစေချင်နေမိပြီ
Sora !!!
သူမကို ကျွန်တော် တကယ်ချစ်ပါတယ်။ ဒါပေမဲ့လဲ သည်းခံနိုင်မှုဟာ တကယ် အတိုင်းအတာတစ်ခုထိပါပဲ ။
သူငယ်ချင်းတွေနဲ့တွေ့နေတဲ့အချိန်ကို ဖုန်းဆက်ပြီး လာတွေ့ခိုင်းပြန်တယ်။ ဟိုတစ်နေ့ကအဖြစ်အပျက်ကြောင့် စိတ်ဆိုးနေတဲ့ သူငယ်ချင်းတွေကိုထားပြီးထွက်သွားဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး.........
သြော်မေ့နေတာ ဒီနေ့ မားမားပြောတဲ့ Minghao ဆိုတဲ့ ကောင်လေးနဲ့ တွေ့ရမှာပဲ။
မိဘတွေစိတ်ချမ်းသာဖို့ကလဲ ကျွန်တော့်အတွက် အရေးကြီးပြန်တယ်။

[ကိုကို Sora ကိုစိတ်ဆိုးနေတုန်းပဲလား ?? Sora အချိန်မပေးနိူင်လို့အမြဲအားနာနေရတာပါ။ စိတ်မဆိုးပါနဲ့နော်]

ချစ်ရတဲ့သူက စာပို့လာပြန်တော့လဲ တင်းထားတဲ့ စိတ်တွေကလျော့လုလျော့ခင်ပါပဲ။

[ကိုကို စိတ်မဆိုးပါဘူး]

[တော်သေးတာပေါ့ Sora ဒီနေ့ Italy ကိုသွားရမှာမလို့ ပြန်လာမှပဲ ကိုကို့စီလာခဲ့မယ်နော်
အရမ်းချစ်တယ်]

[ကိုကိုလဲ အရမ်းချစ်တယ်]

Sora စီကိုစာပို့အပြီးမှာပဲ ကျွန်တော် အပြင်သွားဖို့ ပြင်ဆင်ရပါတော့တယ်။ အလုပ်ကိစ္စမဟုတ်ပဲ နားရက်အပြင်ထွက်တာကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်စေမဲ့ အရာတွေကိုပဲ ရွေးချယ်မိတယ်။ အဖြူရောင် Sport shirt နဲ့ ကာကီရောင် ဘောင်းဘီကို ဝတ်ဆင်ပြီး ဆံပင်အနည်းငယ် ဖြီးသင်ရုံနဲ့ ပြီးစီးခဲ့ပါပြီ။
အောက်ထပ်ကိုဆင်းလာတော့ အိမ်အကူ အန်တီလော့ပြင်ဆင်ပေးထားတဲ့ ကော်ဖီဝိုင်းကို တွေ့လိုက်ရတယ်။
"အစ်ကိုလေး Jun ဒီနေ့ အပြင်သွားမှာဆိုတော့ မနက်စာကို coffee ပဲပြင်ဆင်ထားလိုက်တယ်။ ညစာကရောပြန်စားမှာလား အစ်ကိုလေး"

"ရပါတယ် အန်တီလော့ ကျွန်တော် ပြန်မစားဖြစ်လောက်ဘူး"

"ဟုတ်ကဲ့ အစ်ကိုလေး"

အန်တီလော့က ပြင်ပေးပြီး မီးဖိုခန်းထဲကထွက်သွားတယ်။ အန်တီလော့က တရုတ်ပြည်ကနေ ကျွန်တော်နဲ့ အတူတူပါလာတဲ့ မားမားတို့ရဲ့ ဆွေမျိုးနီးစပ်ထဲက စိတ်ချယုံကြည်ရတဲ့သူပါ။ တရုတ်ဘက်က Company ကိုပါးပါးက ဦးစီးပြီး Korea ဘက်မှာ စျေးကွက်ချဲ့ထွင်တော့ ကျွန်တော်ကိုယ်တိုင်ပဲအခြေချ ဖြစ်ခဲ့တာကြောင့် မားမားက အန်တီလော့ကို ကျွန်တော်နဲ့ ထည့်ပေးလိုက်တာ။ စိတ်ချယုံကြည်ရတဲ့ အပြင် အချက်အပြုတ်လက်ရာကလဲကောင်းတော့ အဆင်ပြေပါတယ်။
ကော်ဖီသောက်ပြီး အပြင်ကိုထွက်လာခဲ့တယ်။
ချိန်းထားတဲ့ အချိန်မရောက်သေးတော့ အနီးနားက ပန်းချီပြခန်းတစ်ခုမှာ ဝင်ပြီး အချိန်ဖြုန်းနေမိတယ်။
ပန်းချီတွေ အနုပညာတွေကို အရမ်းမခံစားတတ်ပေမဲ့ ကြည့်ရတာလဲ ပျင်းရိငြီးငွေ့မှုတော့ဖြစ်မနေခဲ့ပြန်ဘူး။
လျှောက်ကြည့်နေရင်း ပန်းချီကားတစ်ချပ်က ကျွန်တော့်အာရုံကိုဖမ်းစားသွားတယ်။
Color တွေကစုံလင်နေတာမဟုတ်ပဲ ဆေးစက်ကျရာပန်းချီထင်တဲ့ ခံစားမှုမျိုးနဲ့ အဓိပ္ပါယ် ဖွင့်ဆိုရခက်နေတယ်။ ဒါပေမဲ့လဲ အကြည့်မလွှဲနိုင်ပြန်ဘူး။

You've reached the end of published parts.

⏰ Last updated: Aug 22, 2023 ⏰

Add this story to your Library to get notified about new parts!

We're coming from China but we found our love at SeoulWhere stories live. Discover now