Episode 7

11 2 6
                                    

Zawgyi ver~~

_________________

အချစ်ဆိုသည့် အရာဟာ လူတွေကို ရူးသွပ်စေနိုင်လိမ့်မယ်လို့ saint ဘယ်တုန်းကမှ မတွေးထားမိခဲ့ဘူး

အဲဒီအတွေးဟာ သူ Perth ကို မတွေ့ခင်လေးအထိပါပဲ

Perth ကိုတွေ့တော့မှ လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်တတ်ခဲ့ပြီ

ဒါပေမယ့် ကံဆိုးတာပဲလို့ ပြောရမလား ကံကောင်းတာပဲလို့ ပြောရမလား

Saint ရဲ့အချစ်ဟာ မှားယွင်းခဲ့မှန်း သိပေမယ့်လို့ ရုန်းထွက်လို့ မရတော့တဲ့ နှလုံးသားငယ်လေးအား

Perth က သူ့ရဲ့ နယ်မြေအဖြစ် အပိုင်သိမ်းနှင့် နေပါပြီ

*ဒီး.... ဒီး.... *

စားပွဲပေါ် တင်ထားသော ဖုန်းဆီမှ ကျယ်လောင်သော ဖုန်း vibrate က တိတ်ဆိတ်နေသော အခန်းတွင်းကို အနှောက်အယှက်ပေးလိုက်သည်

Saint ဆိုဖာပေါ်တွင် မျက်လုံးစုံမှိတ်ပြီး အနားယူနေရာမှ ၀င်လာသော ဖုန်းကြောင့် လှမ်းကြည့်လိုက်တော့ ထင်းခနဲပေါ်နေသည်က သူ့ရဲ့ နှလုံးသား နယ်မြေပိုင်ရှင်

အခုချိန်တွင် Perth ၏ ဖုန်းကို မကိုင်ချင်သေး

အနာပေးလိုက် ဆေးကျွေးလိုက်လုပ်နေသော Perth ကို ခဏလောက်တော့ သူမေ့ထားချင်မိပါသည်

မေ့ထားချင်ရသည့် အကြောင်းကတော့ ကောက်ခါငင်ကာကြီး Hanna ဆိုသော မိန်းကလေးနဲ့ ပျော်ပွဲစားဆိုပြီး တစ်ညအိပ် ခရီးထွက်သွားသော Perth ကြောင့်

ဒီကိစ္စကိုရော Perth က သူ့ကို သတိတရ ပြောခဲ့သည် မဟုတ်

အခုညနက်နေသည်အထိ အိမ်ပြန်မလာမှ Perth သူငယ်ချင်း Ńping ကို ဖုန်းဆက်မေးတော့မှ အခု ကိစ္စကို သိရသည်

Saint တစ်ယောက် လာနေသော ဖုန်းကို အသိစိတ်ရှိတဲ့ ဦးနှောက်က မကိုင်နဲ့လို့ တားမြစ်နေသော်လည်း သူ့ ခန္ဒာကိုယ်က အသိစိတ်မဲ့တဲ့ ကြွက်သားတွေက ပိုတယ်ထင်ပါတယ်

ကိုယ်ကိုတိုင်တောင် မသိလိုက်ဘဲ တို့ထိလိုက်မိသည့် Answer button

ဒီလို အသေးအဖွဲလေးကိုတောင် သူ တင်းမခံနိုင်ဘူးဆိုရင် နောက်ထပ်နောက်ထပ် ရောက်လာမယ့် ကိစ္စတွေကို သူ ဘယ်လို ရင်ဆိုင်ရမလဲလို့ တွေးနေရင်းမှပင်

ရင်ဝယ်..ဆူးWhere stories live. Discover now